Connect with us

Hi, what are you looking for?

LuduNwayOo

News

ထီးခီးနယ်စပ်ကုန်သွယ်ရေးကို NUG​နှင့်စစ်​ကောင်စီနှစ်ဖက်စလုံးကပိတ်လိုက်​ကြောင်းအသိ​ပေး

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ ထားဝယ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ)ကလည်း ထားဝယ်-ထီးခီးလမ်းကို ဖြတ်သန်းသွားလားခြင်းနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းတို့မလုပ်ကြရန် ဧပြီ ၂၄ ရက်စွဲဖြင့် အသိပေးထုတ်ပြန်လိုက်သည်။

မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်​ရေးအဓိကလမ်း​ကြောင်းအများစုရပ်ဆိုင်း

ထားဝယ်-ထီးခီးလမ်းတလျှောက်တွင် စစ်ရေးတင်းမာလာခြင်းကြောင့် ထီးခီးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်​အောက်ရှိ ထားဝယ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ထားဝယ်ပအဖ) ​ရော၊ အကြမ်းဖက်စစ်ကောင်စီကပါနှစ်ဖက်စလုံးကဧပြီ ၂၄ ရက်ကစတင်ပြီးပိတ်လိုက်သည်။

ထားဝယ်း-ထီးခီးလမ်းပိုင်းရှိ အချက်အခြာကျသည့် ပကာရီရဲစခန်းကို KNDOနှင့် PDFများက ဧပြီ ၂၄ ရက်က ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက် ယခုလိုကန့်သတ်လိုက်ခြင်းဖြစ်သည်။

Public Service Announcement

“ပကာရီရွာက ဒီလမ်းကြောမှ အချက်အခြာကျတဲ့ ရွာကြီးတရွာဘဲ၊ ဒီမှာရှိတဲ့ ရဲစခန်းကိုတောင် PDFတွေ ထိန်းနိုင်ပြီဆိုတော့ ထားဝယ်ရဲ့PDFအင်အားက ဘယ်လိုတောင့်လဲဆိုတာပြတာဘဲ၊ PDFတွေရဲ့ လုပ်ဆောင်နိုင်စွမ်းက တကယ့်ကို အံ့ဩစရာဘဲ”ဟု ထားဝယ်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ ထားဝယ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ)ကလည်း ထားဝယ်-ထီးခီးလမ်းကို ဖြတ်သန်းသွားလားခြင်းနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းတို့မလုပ်ကြရန် ဧပြီ ၂၄ ရက်စွဲဖြင့် အသိပေးထုတ်ပြန်လိုက်သည်။

ထိုလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ သွားလာခြင်း၊ လက်နက်နှင့် ရိက္ခာဖြည့်တင်းနေခြင်းကြောင့် ယခုလို ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု ထားဝယ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများကလည်း ဧပြီ ၂၄ ရက်နောက်ဆုံးထားပြီး ပို့ကုန်/သွင်းကုန်လုပ်ငန်းများကို ခွင့်ပြုထားသည်ဟု ဒေသခံများထံမှသိရသည်။ ထိုစခန်းကို ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံက အရေးပေါ်အစည်းအဝေးပြုလုပ်ပြီး ကြေညာခဲ့ခြင်းဖြစ်သည်ဟု​ဒေသခံအချို့က​ပြောသည်။

ထီးခီး နယ်စပ်ဂိတ်သည် မြန်မာနိုင်ငံက ထိုင်းနိုင်ငံကို ရေထွက်ကုန်၊ စိုက်ပျိုးသီးနှံများ တင်ပို့နေပြီး ထိုင်းနိုင်ငံမှမြန်မာနိုင်ငံသို့ စက်သုံးဆီ၊ လောင်စာ နှင့် အခြေခံလူသုံးကုန်များတင်သွင်းရောင်းချနေခြင်းဖြစ်သည်။

ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းနှင့်အတူ မြိုတ်ခရိုင်၊ တနင်္သာရီမြို့နယ် မော‌တောင်ဂိတ်ကိုလည်း အကြမ်းဖက်စစ်ကောင်စီဘက်က ပိတ်လိုက်သည်ဟု သိရသည်။ မြဝတီ-မဲဆောက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်ပြီးနောက် ယခု ထီးခီးလမ်းကြောင်း ပြတ်တောက်ခြင်းကြောင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး၏ အဓိက ကျသည့် လမ်းကြောင်းများ ပိတ်သွားပြီဖြစ်သည်။

ထားဝယ်-ထီးခီးလမ်းတွင် ဇန်နဝါရီလ ၁၇ ရက်ကတစ်ကြိမ်၊ မတ်လ ၁၃ ရက်ကတစ်ကြိမ်၊ ဧပြီလ ၂၁ ရက်နေ့ကတစ်ကြိမ်၊ ဧပြီလ ၂၃ ရက်မှာတစ်ကြိမ်စစ်ကောင်စီတပ်များကို ဒေသခံကာကွယ်ရေးတပ်များကတိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ် အထိနာခဲ့သည်။ ထားဝယ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကလည်း တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်သည်ဟုလည်းဆိုထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။