Connect with us

Hi, what are you looking for?

News

ထီးခီးနယ်စပ်ကုန်သွယ်ရေးကို NUG​နှင့်စစ်​ကောင်စီနှစ်ဖက်စလုံးကပိတ်လိုက်​ကြောင်းအသိ​ပေး

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ ထားဝယ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ)ကလည်း ထားဝယ်-ထီးခီးလမ်းကို ဖြတ်သန်းသွားလားခြင်းနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းတို့မလုပ်ကြရန် ဧပြီ ၂၄ ရက်စွဲဖြင့် အသိပေးထုတ်ပြန်လိုက်သည်။

မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်​ရေးအဓိကလမ်း​ကြောင်းအများစုရပ်ဆိုင်း

ထားဝယ်-ထီးခီးလမ်းတလျှောက်တွင် စစ်ရေးတင်းမာလာခြင်းကြောင့် ထီးခီးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်​အောက်ရှိ ထားဝယ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ထားဝယ်ပအဖ) ​ရော၊ အကြမ်းဖက်စစ်ကောင်စီကပါနှစ်ဖက်စလုံးကဧပြီ ၂၄ ရက်ကစတင်ပြီးပိတ်လိုက်သည်။

ထားဝယ်း-ထီးခီးလမ်းပိုင်းရှိ အချက်အခြာကျသည့် ပကာရီရဲစခန်းကို KNDOနှင့် PDFများက ဧပြီ ၂၄ ရက်က ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက် ယခုလိုကန့်သတ်လိုက်ခြင်းဖြစ်သည်။

Public Service Announcement

“ပကာရီရွာက ဒီလမ်းကြောမှ အချက်အခြာကျတဲ့ ရွာကြီးတရွာဘဲ၊ ဒီမှာရှိတဲ့ ရဲစခန်းကိုတောင် PDFတွေ ထိန်းနိုင်ပြီဆိုတော့ ထားဝယ်ရဲ့PDFအင်အားက ဘယ်လိုတောင့်လဲဆိုတာပြတာဘဲ၊ PDFတွေရဲ့ လုပ်ဆောင်နိုင်စွမ်းက တကယ့်ကို အံ့ဩစရာဘဲ”ဟု ထားဝယ်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ ထားဝယ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ)ကလည်း ထားဝယ်-ထီးခီးလမ်းကို ဖြတ်သန်းသွားလားခြင်းနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းတို့မလုပ်ကြရန် ဧပြီ ၂၄ ရက်စွဲဖြင့် အသိပေးထုတ်ပြန်လိုက်သည်။

ထိုလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ သွားလာခြင်း၊ လက်နက်နှင့် ရိက္ခာဖြည့်တင်းနေခြင်းကြောင့် ယခုလို ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု ထားဝယ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများကလည်း ဧပြီ ၂၄ ရက်နောက်ဆုံးထားပြီး ပို့ကုန်/သွင်းကုန်လုပ်ငန်းများကို ခွင့်ပြုထားသည်ဟု ဒေသခံများထံမှသိရသည်။ ထိုစခန်းကို ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံက အရေးပေါ်အစည်းအဝေးပြုလုပ်ပြီး ကြေညာခဲ့ခြင်းဖြစ်သည်ဟု​ဒေသခံအချို့က​ပြောသည်။

ထီးခီး နယ်စပ်ဂိတ်သည် မြန်မာနိုင်ငံက ထိုင်းနိုင်ငံကို ရေထွက်ကုန်၊ စိုက်ပျိုးသီးနှံများ တင်ပို့နေပြီး ထိုင်းနိုင်ငံမှမြန်မာနိုင်ငံသို့ စက်သုံးဆီ၊ လောင်စာ နှင့် အခြေခံလူသုံးကုန်များတင်သွင်းရောင်းချနေခြင်းဖြစ်သည်။

ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းနှင့်အတူ မြိုတ်ခရိုင်၊ တနင်္သာရီမြို့နယ် မော‌တောင်ဂိတ်ကိုလည်း အကြမ်းဖက်စစ်ကောင်စီဘက်က ပိတ်လိုက်သည်ဟု သိရသည်။ မြဝတီ-မဲဆောက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်ပြီးနောက် ယခု ထီးခီးလမ်းကြောင်း ပြတ်တောက်ခြင်းကြောင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး၏ အဓိက ကျသည့် လမ်းကြောင်းများ ပိတ်သွားပြီဖြစ်သည်။

ထားဝယ်-ထီးခီးလမ်းတွင် ဇန်နဝါရီလ ၁၇ ရက်ကတစ်ကြိမ်၊ မတ်လ ၁၃ ရက်ကတစ်ကြိမ်၊ ဧပြီလ ၂၁ ရက်နေ့ကတစ်ကြိမ်၊ ဧပြီလ ၂၃ ရက်မှာတစ်ကြိမ်စစ်ကောင်စီတပ်များကို ဒေသခံကာကွယ်ရေးတပ်များကတိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ် အထိနာခဲ့သည်။ ထားဝယ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကလည်း တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်သည်ဟုလည်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ