စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းတွင် မိုင်းရှာနေသည့် အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Knights Of The Red Land (KORL) ပြောက်ကျား တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (ဧပြီ ၂၄)နံနက် ၈နာရီခွဲအချိန်တွင် မုံရွာ-အရာတော် လမ်းမပေါ်ရှိ ဆူးလေကုန်းချောင်းအနီး၌ ကျွန်းဖိုပင်ကျေးရွာမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ ၏ အင်အား ၃၀ခန့်ပါခြေလျင်စစ်ကြောင်းအား ပဒေသာမိုင်း ငါးလုံး၊တူမီးရှေ့ထွက်ကြီး နှစ်လုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားသုံးဦး အပြင်းအ ထန်ထိခိုက်ဒဏ်ရာရရှိသွားပြီး အသေအပျောက် ရှိနိုင်ကြောင်း Knights Of The Red Land (KORL) ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

“အဲဒီအနီးအနား တဝိုက် မိုင်းရှာရင်း အဆွဲခံရတာပါ။ သုံးယောက်ကတော့ အတော်ထိ သွားပြီး လဲကျသွားပါတယ်။”ဟု Knights Of The Red Land (KORL) ပြောက်ကျားတပ်ဖွဲ့ မှတာဝန်ရှိသူက ပြောသည်။

အဆိုပါမိုင်းဆွဲ တိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကြောက်လန့်၍ သေနတ်များ ပစ်ဖောက်ခဲ့ပြီး အနီးရှိဆူးလေကုန်း ဇရပ်အား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ယခုစစ်ဆင်ရေးကို Knights Of The Red Land (KORL) ပြောက်ကျားတပ်ဖွဲ့၊ AMT မြေပြင်ပြောက်ကျားတပ်ဖွဲ့ တို့မှဦးဆောင်၍ သပြေညို ပြောက်ကျားတပ်ဖွဲ့၊Ayardaw Bone Naing (A.B.N.PDF)၊ Ayardaw Falcon Force(AF2)၊ Excellent Flag တပ်ဖွဲ့၊ပတ္တမြားညီနောင် ပြောက်ကိားတပ်ဖွဲ့၊ M.R.T.F တပ်ဖွဲ့၊The Guys Of Burma Revolution Force(GBRF)တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့များက အသိပေးသည်။

Public Service Announcement
ဧပြီ ၇ရက် ည ၁၀နာရီခွဲခန့်ကလည်း မုံရွာမှအရာတော်သို့ ဦးတည်မောင်းနှင်လာသော တင်ကားများ တင်ဆောင်လာသည့်အကြမ်းဖက်စစ်ကောင်စီတပ်၏ ယာဉ်(၉)စီးပါ ကားတန်းကို Knights Of The Red Land (KORL) ပြောက်ကျားတပ်ဖွဲ့အပါအဝင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ရေနံဘိုရွာနှင့်ဝါးတန်းရွာအကြားတွင် ပဒေသာမိုင်း ငါးလုံး၊တူမီးရှေ့ထွက်ကြီး နှစ်လုံး ဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်၏ ကားနှစ်စီးထိခိုက်ပျက်စီးခဲ့ပြီး ကားပေါ်ရှိ စစ်ကောင်စီတပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိကာ အသေအပျောက် ရှိခဲ့သည်။


















































