Connect with us

Hi, what are you looking for?

News

ကျိုက်ထိုနယ်တွင် KNLA ပူး​ပေါင်းတပ်နှင့်တိုက်ပွဲ စစ်​ကောင်စီတပ် ငါးဦးထက်မနည်း​သေ

“ကျွန်တော်တို့ ကင်းအဖွဲ့က ရဲဘော်တွေရှိတဲ့နေရာကို တက်လာတာ။အဲဒါကြောင့် မိနစ် အတန်ကြာ တိုက်ပွဲ ဖြစ်ခဲ့တယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သားငါးဦးထက်မနည်းသေဆုံးကြောင်း Kyaikhto Revolution Force တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ယနေ့ (ဧပြီ ၂၅ ရက်) နံနက် ၇ နာရီခွဲခန့်က အင်္ဂဘိုကျေး ရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၄၀ ဖြင့် စစ်ကြောင်းထိုးရာမှ ထိတွေ့မှု ဖြစ်ခဲ့ခြင်းဟု ဆို သည်။

“ကျွန်တော်တို့ ကင်းအဖွဲ့က ရဲဘော်တွေရှိတဲ့နေရာကို တက်လာတာ။အဲဒါကြောင့် မိနစ် အတန်ကြာ တိုက်ပွဲ ဖြစ်ခဲ့တယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဘက်မှ အထိခိုက်အကျဆုံးမရရှိဘဲ စစ်​ကောင်စီတပ်သား ငါးဦးထက်မနည်းသေဆုံးခဲ့ပြီး ​ခြောက်ဦးဒဏ်ရာရသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က သေဆုံး၊ဒဏ်ရာရရှိသူများအားကျိုက်ထိုဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းလည်း Kyaikhto Revolution Forceက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။