Connect with us

Hi, what are you looking for?

News

လေယာဉ်ဖြင့်ကြဲချသောစစ်ကောင်စီရိက္ခာထုပ်အားလုံးနီးပါး KNU တပ်မဟာ (၅) ရယူသိမ်းဆည်း

အကြမ်းဖက်စစ်ကောင်စီသည် မယ်ဝေ(မဲဝိုင်)အခြေစိုက်တပ်စခန်းများအတွက် ယနေ့ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ရိက္ခာထုပ် ၅ ထုပ်၊ နောက် ၁၅ မိနစ်အကြာတွင် ရိက္ခာထုပ် ၆ ထုပ် လာ ရောက်ကြဲချခဲ့ရာ ၉ ထုပ်ကို KNLA ရရှိခဲ့ပြီး ကျန် ၂ ထုပ်ကို ရှာဖွေနေဆဲဖြစ်သည်ဟု ဆိုသည်။

(KNU တပ်မဟာ ၅ မှတပ်ဖွဲ့ဝင်များ)

လေယာဉ်ဖြင့်လာရောက်ကြဲချသော အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာထုပ်များအားလုံးနီးပါးကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က ရယူသိမ်းဆည်းနိုင်ခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ်က ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီသည် ၎င်း၏ ရှေ့တန်းတပ်စခန်းများအတွက် ဧပြီ ၂၅ ရက် ညနေပိုင်းက လေယာဉ်ဖြင့်ရိက္ခာထုပ်များလာရောက်ကြဲချသော်လည်း KNLA တပ်မဟာ ၅ လက်အောက်ရှိ တပ်ရင်း ၁၀၂ တပ်ခွဲမှ စစ်သည်တော်များက ရယူသိမ်းဆည်းနိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

(KNU တပ်မဟာ ၅ မှတပ်ဖွဲ့ဝင်များ)

အကြမ်းဖက်စစ်ကောင်စီသည် မယ်ဝေ(မဲဝိုင်)အခြေစိုက်တပ်စခန်းများအတွက် ယနေ့ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ရိက္ခာထုပ် ၅ ထုပ်၊ နောက် ၁၅ မိနစ်အကြာတွင် ရိက္ခာထုပ် ၆ ထုပ် လာ ရောက်ကြဲချခဲ့ရာ ၉ ထုပ်ကို KNLA ရရှိခဲ့ပြီး ကျန် ၂ ထုပ်ကို ရှာဖွေနေဆဲဖြစ်သည်ဟု ဆိုသည်။

ယင်းသို့ ကြဲချနေချိန်တွင် ဖာပွန်မြို့အခြေစိုက်အကြမ်းဖက်စစ်ကောင်စီတပ်က ၁၂၂-မမစိန်ပြောင်းတစ်လုံးအား မဲဝေဒေသသို့ ခြိမ်းချောက်လှမ်းပစ်ပေးခဲ့သော်လည်း ဒေသခံပြည်သူများနှင့် လူနေအိမ်ခြေများထိခိုက်ပျက်စီးမှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ်က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA) ရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်း ပြုလုပ်လျက်ရှိရာ ဆန်အိတ် ၁၀၀၀ နီးပါး ရရှိနေပြီဖြစ်ကြောင်း CPU/CPA ထောက်ပို့ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။