Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်သားတစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိကြောင်း YDF အသိပေး

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်သား နိုင်လင်းအောင်ကို သေနတ် ၁လက်၊ ကျည်ပေါက် ၃ခု ၊နင်းမိုင်း ၁လုံး၊ လက်ပစ်ဗုံး ၁လုံး၊ RPG ဗုံးသီး ၁လုံးနှင့် ကျည်များ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်သည်။

ယောဒေသကာကွယ်ရေးတပ်(YDF)နှင့်စစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိနိုင်ပြီး စစ်ကောင် စီတပ်သား တစ်ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု YDFက သတင်းထုတ်ပြန်သည်။

ဧပြီ ၂၅ရက်က မကွေးတိုင်း ဂန့်ဂေါဘက်မှ ထီးလင်းမြို့ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ တပ်မ (၁၁) စစ်ကြောင်းအား အကြည်ဝါးဘင်း ရွာအနီး၌ တိုက်ခိုက်ခဲ့ရာ ၄၅မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိနိုင်ပြီး YDF ရဲဘော်များမှာ ထိခိုက်မှုမရှိဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်သား နိုင်လင်းအောင်ကို သေနတ် ၁လက်၊ ကျည်ပေါက် ၃ခု ၊နင်းမိုင်း ၁လုံး၊ လက်ပစ်ဗုံး ၁လုံး၊ RPG ဗုံးသီး ၁လုံးနှင့် ကျည်များ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်းကို စစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းထားသည်ဟု YDFက အသိ ပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်