Connect with us

Hi, what are you looking for?

News

စစ်ကောင်စီရန်ကြောက်လန့်ထွက်ပြေးစဥ် မြစ်သာမြစ်ကူး ဝါးတံတားကျိုးကျ၍ ကလေးငယ်အချို့အပါအဝင် ခြောက်ဦးသေဆုံး

သေဆုံးသူ ခြောက်ဦးတွင် လသားအရွယ်ကလေးငယ်နှင့် မိခင်ဖြစ်သူ ပါဝင်သွားသည်ဟု ဒေသခံများက ပြောသည်။ စစ်ကောင်စီက စစ်ကြောင်းထိုးနေ၍ ရုပ်အလောင်းများကို ယနေ့ညအထိ မကောက်ယူနိုင်သေးကြောင်း သတင်းရရှိသည်။

(ကျိုးကျသည့် ဝါးတံတားကို ယခင်က တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာ၍ ဒေသခံများက မြစ်သာမြစ်ကူးဝါးတံတားကို ဖြတ်ကူးထွက်ပြေးစဥ် တံတားကျိုးကျပြီး ကလေးငယ်အချို့အပါအဝင် ခြောက်ဦး မျောပါသေဆုံးသွားသည်။

ယနေ့(ဧပြီ ၂၇ရက်)နံနက်တွင် ကလေးမြို့နယ်၊ ဒိုးပင်ရွာနှင့် အရှေ့စည်းကျေးရွာအနီး စစ်ကောင်စီစစ်ကြောင်းရောက်လာ၍ ဒေသခံများ ထွက်ပြေးကြရင် အထက်ပါ ဖြစ်ရပ်ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

“တံတားက နွေမှာဖြတ်ကူးဖို့ ယာယီထိုးထားတဲ့ တံတားမျိုး။ လူတွေ စုပြုံတက်တော့ ကျိုးကျသွားတာ။ စစ်တပ်ကို အရမ်းကြောက်နေကြပြီး ရွာလုံးကျွတ်ထွက်ပြေးရင် ဖြစ်ရတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူ ခြောက်ဦးတွင် လသားအရွယ်ကလေးငယ်နှင့် မိခင်ဖြစ်သူ ပါဝင်သွားသည်ဟု ဒေသခံများက ပြောသည်။ စစ်ကောင်စီက စစ်ကြောင်းထိုးနေ၍ ရုပ်အလောင်းများကို ယနေ့ညအထိ မကောက်ယူနိုင်သေးကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ကလေးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ပရမ်းပတာလုပ်ဆောင် ချက်များကြောင့် အရပ်သားများမှာ ဆိုးရွားသည့် ဘေးဒုက္ခများ ရင်ဆိုင်နေရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီကလည်း ကလေးမြို့နယ် ချောင်းခွကျေးရွာမှ ဆယ်ကျော်သက် မိန်းကလေးနှစ်ဦးနှင့် မိခင်ကို စစ်ကောင်စီက ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်သွားသည်ဟု မြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။