Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီရန်ကြောက်လန့်ထွက်ပြေးစဥ် မြစ်သာမြစ်ကူး ဝါးတံတားကျိုးကျ၍ ကလေးငယ်အချို့အပါအဝင် ခြောက်ဦးသေဆုံး

သေဆုံးသူ ခြောက်ဦးတွင် လသားအရွယ်ကလေးငယ်နှင့် မိခင်ဖြစ်သူ ပါဝင်သွားသည်ဟု ဒေသခံများက ပြောသည်။ စစ်ကောင်စီက စစ်ကြောင်းထိုးနေ၍ ရုပ်အလောင်းများကို ယနေ့ညအထိ မကောက်ယူနိုင်သေးကြောင်း သတင်းရရှိသည်။

(ကျိုးကျသည့် ဝါးတံတားကို ယခင်က တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာ၍ ဒေသခံများက မြစ်သာမြစ်ကူးဝါးတံတားကို ဖြတ်ကူးထွက်ပြေးစဥ် တံတားကျိုးကျပြီး ကလေးငယ်အချို့အပါအဝင် ခြောက်ဦး မျောပါသေဆုံးသွားသည်။

ယနေ့(ဧပြီ ၂၇ရက်)နံနက်တွင် ကလေးမြို့နယ်၊ ဒိုးပင်ရွာနှင့် အရှေ့စည်းကျေးရွာအနီး စစ်ကောင်စီစစ်ကြောင်းရောက်လာ၍ ဒေသခံများ ထွက်ပြေးကြရင် အထက်ပါ ဖြစ်ရပ်ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

“တံတားက နွေမှာဖြတ်ကူးဖို့ ယာယီထိုးထားတဲ့ တံတားမျိုး။ လူတွေ စုပြုံတက်တော့ ကျိုးကျသွားတာ။ စစ်တပ်ကို အရမ်းကြောက်နေကြပြီး ရွာလုံးကျွတ်ထွက်ပြေးရင် ဖြစ်ရတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူ ခြောက်ဦးတွင် လသားအရွယ်ကလေးငယ်နှင့် မိခင်ဖြစ်သူ ပါဝင်သွားသည်ဟု ဒေသခံများက ပြောသည်။ စစ်ကောင်စီက စစ်ကြောင်းထိုးနေ၍ ရုပ်အလောင်းများကို ယနေ့ညအထိ မကောက်ယူနိုင်သေးကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ကလေးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ပရမ်းပတာလုပ်ဆောင် ချက်များကြောင့် အရပ်သားများမှာ ဆိုးရွားသည့် ဘေးဒုက္ခများ ရင်ဆိုင်နေရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီကလည်း ကလေးမြို့နယ် ချောင်းခွကျေးရွာမှ ဆယ်ကျော်သက် မိန်းကလေးနှစ်ဦးနှင့် မိခင်ကို စစ်ကောင်စီက ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်သွားသည်ဟု မြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။