Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်မြို့ကို တစ်ရက်လျှင် ၆နာရီခန့်သာ လျှပ်စစ်မီးပေးနေ

သင်္ကြန်မတိုင်မီက ညဘက်များတွင် လျှပ်စစ်မီးကို အပြည့်အဝပေးခဲ့သော်လည်း သင်္ကြန်ကာလပြီးနောက် ညပိုင်းတွင်လည်း ၃နာရီခန့်သာ လျှပ်စစ်မီးပေးတော့သည်ဟု သင်္ဃန်းကျွန်းမြို့နယ်တွင်နေထိုင်သူတစ်ဦးကလည်း ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်မြို့ကို တစ်ရက်လျှင် ၆နာရီခန့်သာ လျှပ်စစ်မီးပေးနိုင်တော့ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့တွင် လျှပ်စစ်မီးကို နေ့ခင်းဘက်၌ တစ်ရက်လျှင် ၃ နာရီနှင့် ညပိုင်း ၃နာရီခန့်ကိုသာဓာတ်အားပေးနေပြီး တစ်ခါပေးလျှင် တစ်နာရီနှုန်းဖြင့်သာ လျှပ်စစ်မီးပေးနိုင်တော့ကြောင်း ရန်ကုန်မြို့ခံများက လက်ရှိလျှပ်စစ်မီးလာသည့်အချိန်များအား တွက်ချက်ပြောကြားခြင်း ဖြစ်သည်။

“တစ်ရက်ကို ၉နာရီ၊ ၁ နာရီနဲ့ ၃ နာရီလောက်မှာစပြီး တစ်နာရီစာလောက် မီးပေးတော့တယ်၊ လာတဲ့အချိန်လည်း လျှပ်စစ်မီးက မငြိမ်ပဲ၊ ပြတ်သွားလိုက်၊ ပြန်လာလိုက်နဲ့ဖြစ်နေတယ်”ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

သင်္ကြန်မတိုင်မီက ညဘက်များတွင် လျှပ်စစ်မီးကို အပြည့်အဝပေးခဲ့သော်လည်း သင်္ကြန်ကာလပြီးနောက် ညပိုင်းတွင်လည်း ၃နာရီခန့်သာ လျှပ်စစ်မီးပေးတော့သည်ဟု သင်္ဃန်းကျွန်းမြို့နယ်တွင်နေထိုင်သူတစ်ဦးကလည်း ပြောသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့တွင် တစ်ရက်လျှင် ၆နာရီခန့် လျှပ်စစ်မီးပေးနိုင်သေးသော်လည်း နယ်မြို့များတွင် တစ်ရက်လျှင် လျှပ်စစ်မီးကို ၂ နာရီခန့်သာပေးနိုင်တော့သည်ဟု ပဲခူးမြို့တွင်နေထိုင်သူတစ်ဦးကပြောသည်။

အချို့ မြို့နယ်များတွင် လျှပ်စစ်မီးမှာ နှစ်ရက်ဆက်မလာသည့် အချိန်များလည်းရှိသည်ဟု စုံစမ်းသိရှိသည်။

“ရန်ကုန်မှာ လျှပ်စစ်မီးကို တစ်ရက် လေးနာရီပဲပေးမယ်လိုပြောတယ်။ ဒီလေးနာရီကို တစပ်တည်းပေးမှာ မဟုတ်ဘူး၊ တစ်နာရီပေးလိုက်၊ ဖြတ်လိုက်လုပ်နေတာ”ဟု သာကေတမြို့နယ်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

လျှပ်စစ်မီးလာချိန်တွင်လည်း လျှပ်အားမှာ ငြိမ်သက်ခြင်းမရှိဘဲ မကြာခဏ ပြတ်တောက်ခြင်းကြောင့် လျှပ်စစ်ပစ္စည်းများကို ဆုံးရှုံးရသည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီဝန်ကြီး ဦးအောင်သန်းဦးက လက်ရှိတွင် လျှပ်စစ်မီးကို အချိန်ပိုင်းလိုက်သာ ပေးနိုင်ခြင်းမှာ ပြည်သူလူထုက လျှပ်စစ်ဓာတ်အားခများကို မပေးဆောင်ခြင်းကြောင့် လူထုကို အပြစ်ဆိုထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အရပ်သားအစိုးရလက်ထက်က လည်ပတ်ခဲ့သည် LNG (သဘာဝဓာတ်ငွေ့ရည်)သုံး ဓာတ်အားပေးစက်ရုံများကို ရပ်တန့်ပစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ (စက်တင်ဘာ၁၁ရက်) မှာလျှပ်စစ်မီး ပြတ်တောက်မှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ‌ပြည်သူတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။