Connect with us

Hi, what are you looking for?

News

ဖားအံထောင်ထဲမှာ နိုင်ငံရေးအကျဥ်းသားတွေ ကြွေးကြော်ဆန္ဒဖော်ထုတ်

နိုင်ငံရေးအကျဉ်းသားတွေဟာ ကြွေးကြော်သံတွေရွတ်ဆိုပြီး နိုင်ငံရေးသီချင်းတွေ သီဆိုကာ ဆန္ဒဖော်ထုတ်နေတာဖြစ်တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောကြပါတယ်။

ဖားအံအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့တောင်းဆိုဆန္ဒဖော်ထုတ်မှု ၁၀ ရက်အတွင်း နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အခြားရာဇဝတ်အကျဉ်းသားတွေက အကြောင်းမဲ့ရိုက်နှက်ပြုလုပ်တာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့အကျဉ်းထောင်တာဝန်ရှိသူတွေက ကျေနပ်လောက်တဲ့အထိ ဖြေရှင်းပေးနိုင်ခြင်းမရှိတဲ့အတွက် ဒီကနေ့ ဧပြီ ၂၇ ရက်ညနေပိုင်းက ဖားအံအကျဉ်းထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေက ဆန္ဒဖော်ထုတ်နေတာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဟာ ကြွေးကြော်သံတွေရွတ်ဆိုပြီး နိုင်ငံရေးသီချင်းတွေ သီဆိုကာ ဆန္ဒဖော်ထုတ်နေတာဖြစ်တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောကြပါတယ်။

ဖားအံအကျဉ်းထောင်ထဲမှာ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့ကလည်း နိုင်ငံရေးအကျဉ်းသားတွေဟာ နိုင်ငံရေးသီချင်းသီဆိုတာနဲ့ ကြွေးကြော်သံတွေ တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့သေးတာဖြစ်ပြီး ၁၀ ရက်အကြာ နောက်ထပ်တစ်ကြိမ် ထပ်မံပြီး တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့သေးတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွတ်ပေးရေးအတွက် တောင်းဆိုဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၆) သင်္ကြန်အတက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက မတရားပြစ်ဒဏ် (၈)နှစ်ကျော် ချမှတ်ခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ခေါင်း‌ဆောင်ဟောင်း ကိုဂျိမ်း (ခ)လင်းထက်နိုင် ပြန်လည်လွတ်မြောက်လာတယ်လို့ သူရဲ့ဇနီးဖြစ်သူ မဖြိုးဖြိုးအောင်က အသိပေးထားပါတယ်။

နိုင်ငံတကာ

အီကွေဒေါ နိုင်ငံမှာ ထောင်ဆူမှု တစ်ခုကနေ ကြမ်းတမ်းရက်စက်တဲ့ လူသတ်ပွဲတွေအသွင် ကူးပြောင်းသွားပြီး အကျဉ်းသား အများစု အပါအဝင် လူ ၃၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၂၉)မှာ စစ်ကောင်စီကို ILOရဲ့ ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေး လှုံ့ဆော်တဲ့ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။