မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ရဲ့ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက မနေ့က ဖမ်းဆီးလိုက်တယ်လို့နီးစပ်သူတွေထံကသိရပါတယ်။
အိုးဘိုထောင်မှာအကျဉ်းချခံထားရတဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ အမှု ရုံးချိန်းကို ဆောင်ရွက်ပြီး အပြန်မှာ ဒေါ်ရွက်နုအောင်နဲ့အတူ ရှေ့နေအမျိုးသမီးတစ်ဦးပါ အဖမ်းခံလိုက်ရတာပါ။
ဖမ်းဆီးခံရတဲ့ ရှေ့နေဒေါ်ရွက်နုအောင်ကို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးပါဘူး။
ရှေ့နေဒေါ်ရွက်နုအောင်ဟာ နိုင်ငံကျော်အမှုဖြစ်တဲ့ ဗစ်တိုရီးယားအမှုမှာ လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေတစ်ဦးလည်းဖြစ်ပါတယ်။

Public Service Announcement


















































