PDF များက ကျောင်းဖွင့်လှစ်နိုင်ရန်အတွက် လုံခြုံရေးဆောင်ရွက်
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကျွန်ပညာရေးအား ဆန့်ကျင်ပြီး သခင်ပညာရေးသင်ကြားမည့် (၂၆) ကျောင်းမြောက် အလယ်တန်းကျောင်း(MEDUS-26) ကို ယနေ့ (ဧပြီ ၂၈) ဖွင့်လှစ်ခဲ့ကြောင်း Myaung Education Network က ထုတ်ပြန်သည်။
အဆိုပါ ကျောင်းကို CDM ပြုလုပ်ထားသည့် ဆရာ၊ ဆရာမများက သင်ကြားပေးမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးအတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်သည့် CDSOM၊ PDF-Taloke၊ MGN Ranger၊ မြောင်တပ်ရင်း ၆၊ CRF မြင်းမူတို့မှ ဆောင်ရွက်ပေးကြမည် ဖြစ်သည်။


သခင်စိတ်ဓာတ်များဖြင့် လုပ်ဆောင်နေခြင်းကြောင့် သခင်ပညာရေးဟု အဓိပ္ပါယ်ဖွင့်ဆိုရခြင်းဖြစ်ကြောင်း Myaung Education Network က ဖော်ပြထားသည်။

Public Service Announcement
ကျောင်းဖွင့်ပွဲသို့ မြောင်ပညာရေးကွန်ရက်မှတာဝန်ခံများ ၊ မြောင်မြို့နယ်ပညာရေးဘုတ်အဖွဲ့ ၊ ကျောင်းပညာရေးကော်မတီ ၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အမတ် ၊ ကျေးရွာကာကွယ်ရေးအဖွဲ့များ ၊ ရပ်မိရပ်ဖ ၊ မိဘ ၊ဆရာ၊ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


ပညာရေး ရေရှည်တည်တံ့စေရေးနှင့် အရည်အသွေး ပြည့်ဝသော သင်ကြားရေး ဆရာ၊ဆရာမများမှ ကျောင်းဖွင့်လှစ်ရခြင်းအကြောင်းရှင်းပြခြင်းကို ရပ်ရွာလူထုထံသို့ ပွင့်လင်းမြင်သာစွာ တင်ပြခဲ့ပြီး Myaung Education Network မှ ကျောင်းများအတွက် အခြေခံမူဝါဒများ၊ သင်ကြားရေးလုပ်ငန်းများ ၊ အခြေခံပံ့ပိုးမှုများ ၊ ကွန်ရက်မှလုပ်ဆောင်သွားမည့် လုပ်ငန်များအကြောင်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။















































