Connect with us

Hi, what are you looking for?

News

ကျားတက်ရဲစခန်းသိမ်းတိုက်ပွဲ ဆားလင်းကြီး PDFတစ်ဖွဲ့တည်း ကျပ်သိန်း ၂၃၀​ကျော် အသုံးပြုခဲ့ရ

ကျားတက်မြို့ စခန်းသိမ်းတိုက်ပွဲတွင် ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SSTF)မှ လက်နက် ကြီးအချို့ နှင့် ကျည်ပေါင်း ၃၄၂၀ ကျော်အသုံးပြုခဲ့ရကြောင်း ဆားလင်းကြီး PDFက ပြောသည်။

ပြည်သူ့ကာကွယ်​ရေးတပ်(PDF)သုံးဖွဲ့ပေါင်းကာ တိုက်ခဲ့သည့် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျားတက်ရဲစခန်းသိမ်းတိုက်ပွဲတွင် ဆားလင်းကြီး PDF တစ်ဖွဲ့တည်းတင် ကျပ်သိန်း ၂၃၀ကျော် အသုံးပြုခဲ့ရကြောင်း ဆားလင်းကြီး PDFမှ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ (ဧပြီ ၂၈ )က ဆားလင်းကြီးမြို့နယ် ကျားတက်မြို့စခန်းအား မွန်းတည့် ၁၂ နာရီမှ ညနေ ၄နာရီခွဲအထိ ၄နာရီခခဲကြာ စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်မှ ၉ ဦးသေဆုံးပြီး စခန်းအား မီးရှို့နေစဥ် ပုလဲမြို့ဘက်မှ အကြမ်းဖက်စစ်ကူများရောက်ရှိလာသောကြောင့် ဆုတ်ခွာပေးခဲ့ကြောင်း၊ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေစဥ်အတွင်း ပုလဲမြို့မှစစ်ကူလာသော အကြမ်းဖက်စစ်ကားများအား ပုလဲ-ကျားတက် လမ်းပေါ်တွင် လမ်းကြောင်းဖြတ်တောက်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားများပျက်စီးသွား၍ အများအပြားထိခိုက်သွားပြီး ခြေလျင်သာ တပ်ကူလာခဲ့ကြောင်း၊ အဆိုပါစစ်ဆင်ရေးအား စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဆားလင်းကြီးမြို့နယ်(SSTF)နှင့်အတူ မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်တို့ပါ ပါဝင်ပြီး ညီနောင်မဟာမိတ် ( ၃ )ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့များက အသိပေးသည်။

ကျားတက်မြို့ စခန်းသိမ်းတိုက်ပွဲတွင် ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SSTF)မှ လက်နက် ကြီးအချို့ နှင့် ကျည်ပေါင်း ၃၄၂၀ ကျော်အသုံးပြုခဲ့ရကြောင်း ဆားလင်းကြီး PDFက ပြောသည်။

“လက်နက်တွေနဲ့ အရိပ်လို အမြဲတစေ ကိုင်‌ဆောင်နေတဲ့ စစ်ခွေးတွေနဲ့ တိုက်ပွဲကြာချိန် ၄နာရီခွဲလောက်အထိ ထိတွေ့တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တို့ရဲ့ ရဲစွမ်းသတ္တိ ၊ ဇွဲ၊လုံ့လ၊ကြိုးစားအားထုတ်မှုတွေကို တကယ် ကျွန်တော် လေးစားဂုဏ်ယူမိပါတယ်။ တိုက်ပွဲတစ်ပွဲ‌အောင်မြင်ဖို့အတွက် ကျွန်တော်တို့အသက်တွေပေးပြီးတိုက်နေရုံနဲ့မပြီးဘူးခင်ဗျ။ တိုက်ပွဲအတွက်အသုံးပြုရတဲ့ စစ်ဘက်သုံး အသုံးစရိတ်တွေကလည်း အရေးကြီးပါတယ်ခင်ဗျ။ ကျည်တစ်တောင့်ကို ခုနှစ်ထောင်နဲ့တွက်မယ်ဆိုရင် နှစ်ရာသုံးဆယ့်ကိုးသိန်းလေးသောင်းကျော် ကုန်ကျပါတယ်ခင်ဗျာ။လက်နက်ကြီးအတွက်ရောဆိုရင် ဒီနေ့ပွဲအတွက်ကတော့ – -။ ဒါကြောင့် ကျွန်တော်တို့က ပြန်ရှာလို့မရတဲ့ အသက်တွေနဲ့ တိုက်ပေးမယ်။ ခင်ဗျားလေးတို့ဘက်က ပြန်ရှာလို့ရတဲ့ ငွေနဲ့ ထောက်ပံ့ပေးကြပါအုံးခင်ဗျ။အရေးတကြီးလိုအပ်လို့ပါ ကူညီပေးကြပါအုံးဗျ။”ဟု ဆားလင်းကြီး PDF အဖွဲ့က ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပါဝင်တိုက်ခိုက်ခဲ့သည့် ရေစကြိုနှင့် မြိုင် PDFများက ကျားတက်စခန်းစစ်ဆင်ရေးနှင့်ပတ်သက်၍ ၎င်းတို့၏ ကုန်ကျစရိတ်အား လက်တလောထုတ်ပြန်ခြင်းမရှိသေးပါ။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။