Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများအား အကြမ်းဖက်စစ်ကောင်စီတပ် ဝင်ရောက်ပစ်ခတ်မီးရှို့ဖျက်ဆီးနေ

အကြမ်းဖက်စစ်တပ်သည် အနီးအနားရှိ ဝပါနှင့် သပြေသာ ကျေးရွာများဘက်ကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဒေသခံပြည်သူလေးဦး ထိခိုက်​ဒဏ်ရာများရရှိထား

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ကျေးရွာများအား ဝင်ရောက်ပစ်ခတ်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ဒေသခံပြည်သူလေးဦး ထိခိုက်​ဒဏ်ရာများ ရရှိထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဧပြီလ ၂၉ ရက်)နံနက် ၆နာရီ မိနစ်၄၀အချိန်တွင် ဒီပဲယင်းမြို့မှ ကားနှင့်ထွက်လာသော အကြမ်းဖက်စစ်တပ်အင်အား၄၀ ခန့်သည် ရွာသစ်နှင့်မဲသည်ကျေးရွာ အနီးတဝိုက်ရှိ ပြည်သူများအား လိုက်လံပစ်ခတ်သဖြင့် ဒေသခံပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်များသည် နံနက် ၇နာီမိနစ်၄၀ခန့်တွင် ဒီပဲယင်းမြို့နယ် ယင်းတွေကျေးရွာသို့ ဝင်ရောက်၍ လူနေအိမ်အချို့အား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

Public Service Announcement

ထို့နောက် အကြမ်းဖက်စစ်တပ်သည် နံနက် ၉နာရီခန့်တွင် ယင်းတွေကျေးရွာအတွင်းမှနေ၍ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်သည် လတ်တီး ကျေးရွာသို့ပါ ရောက်ရှိလာပြီး ပြည်သူပိုင်နေအိမ်များကို ဆက်လက် မီးရှို့ဖျက်ဆီးနေကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် အနီးအနားရှိ ဝပါနှင့် သပြေသာ ကျေးရွာများဘက်ကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

သင်္ကြန်အပြီးကာလတွင် အကြမ်းဖက်စစ်တပ်က ရေဦးနှင့် ဒီပဲယင်းနယ်စပ်ကျေးရွာများအား ငါးရက်ဆက်တိုက် စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။