Connect with us

Hi, what are you looking for?

News

ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများအား အကြမ်းဖက်စစ်ကောင်စီတပ် ဝင်ရောက်ပစ်ခတ်မီးရှို့ဖျက်ဆီးနေ

အကြမ်းဖက်စစ်တပ်သည် အနီးအနားရှိ ဝပါနှင့် သပြေသာ ကျေးရွာများဘက်ကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဒေသခံပြည်သူလေးဦး ထိခိုက်​ဒဏ်ရာများရရှိထား

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ကျေးရွာများအား ဝင်ရောက်ပစ်ခတ်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ဒေသခံပြည်သူလေးဦး ထိခိုက်​ဒဏ်ရာများ ရရှိထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဧပြီလ ၂၉ ရက်)နံနက် ၆နာရီ မိနစ်၄၀အချိန်တွင် ဒီပဲယင်းမြို့မှ ကားနှင့်ထွက်လာသော အကြမ်းဖက်စစ်တပ်အင်အား၄၀ ခန့်သည် ရွာသစ်နှင့်မဲသည်ကျေးရွာ အနီးတဝိုက်ရှိ ပြည်သူများအား လိုက်လံပစ်ခတ်သဖြင့် ဒေသခံပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်များသည် နံနက် ၇နာီမိနစ်၄၀ခန့်တွင် ဒီပဲယင်းမြို့နယ် ယင်းတွေကျေးရွာသို့ ဝင်ရောက်၍ လူနေအိမ်အချို့အား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

Public Service Announcement

ထို့နောက် အကြမ်းဖက်စစ်တပ်သည် နံနက် ၉နာရီခန့်တွင် ယင်းတွေကျေးရွာအတွင်းမှနေ၍ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်သည် လတ်တီး ကျေးရွာသို့ပါ ရောက်ရှိလာပြီး ပြည်သူပိုင်နေအိမ်များကို ဆက်လက် မီးရှို့ဖျက်ဆီးနေကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် အနီးအနားရှိ ဝပါနှင့် သပြေသာ ကျေးရွာများဘက်ကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

သင်္ကြန်အပြီးကာလတွင် အကြမ်းဖက်စစ်တပ်က ရေဦးနှင့် ဒီပဲယင်းနယ်စပ်ကျေးရွာများအား ငါးရက်ဆက်တိုက် စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။