Connect with us

Hi, what are you looking for?

News

SNLDပါတီဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး ယနေ့ကွယ်လွန်

ဦးခွန်ထွန်းဦးသည် SNLD ဥက္ကဋ္ဌတာဝန်သာမက SNLD အပါအဝင် တိုင်းရင်းသားပါတီ ၁၃ ခုဖြင့်ဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုး များ မဟာမိတ် (UNA)နှင့် ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) တို့၏ နာယက အဖြစ်လည်း တာဝန်ယူခဲ့သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးခွန်ထွန်းဦးသည် ယနေ့ နေ့လယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။

“ ဥက္ကဋ္ဌကြီး ခွန်ထွန်းဦး ဆုံးသွားပြီ။ ခုဏကပဲ။ အိပ်ယာထနောက်ကျလို့ သွားနိုးတာ ပြန်ထမလာဘူးလို့ ပြောပါတယ်။ ဘာမှထွေထွေထူးထူးဖြစ်တယ်လို့လည်းမကြားမိပါဘူး။ သူ့ရဲ့ ၉မိုင်အိမ်မှာပါပဲ” ဟု ဦးစိုင်းလိတ်က ယနေ့ ဧပြီ ၃၀ရက် နေ့လယ် ၁နာရီခွဲအချိန်တွင် ပြောကြား သည်။

ဦးခွန်ထွန်းဦး ကွယ်လွန်ခြင်းသည်ပါတီအတွက် များစွာကြီးများသည့် ဆုံးရှုံးမှုတစ်ခုဖြစ်သည်ဟု ၎င်းက ဆိုသည်။

“နှိုင်းယှဉ်စရာမရှိတဲ့ဆုံးရှုံးမှုလို့ ပြောရမှာပေါ့။ ၁၉၈၈ ပါတီ စတည်ထောင်ကတည်းက ကျွန်တော်တို့ကို ဦးစီးဦးဆောင်ပြုလာခဲ့တဲ့ ခေါင်းဆောင်ကြီးတစ်ဦးပေါ့။ ပြီးခဲ့တဲ့ နှစ်ကမှ နိုင်ငံရေးက အနားယူသွားတယ်ဆိုပေမယ့် ကျွန်တော်တို့ ပါတီက သူ့ရဲ့အရိပ်အာဝါသအောက်ကနေ လွတ်ကျွတ်နိုင်ခြင်းမရှိသေးပါဘူး။ သူ့ရဲ့ဦးဆောင်မှု၊ သူ့ရဲ့လမ်းညွှန်မှုတွေအတိုင်း ဆက်လက် ချီတက်နေတဲ့အခါမှာ ပြီးဆုံးတဲ့ ပန်းတိုင်ကို မရောက်သေးဘဲ သူ့အနေနဲ့ ဒီလို ကွယ်လွန်အနိစ္စရောက်သွားတာ ကျွန်တော်တို့ ပါတီအတွက်ရော ရှမ်းအမျိုးသားထုအတွက်ပါ အင်မတန်ကြီးမားတဲ့ဆုံးရှုံးမှုလို့ပဲမှတ်ချက်ပြုချင်ပါတယ်”ဟု ဦးစိုင်းလိတ်က ပြောသည်။

Public Service Announcement

Public Service Announcement

ဦးခွန်ထွန်းဦးသည် SNLD ဥက္ကဋ္ဌတာဝန်ကို နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ကွယ်လွန်ချိန်၌ အသက် (၇၈)နှစ်အရွယ်ရှိပြီဖြစ်သည်။

ဦးခွန်ထွန်းဦးသည် SNLD ဥက္ကဋ္ဌတာဝန်သာမက SNLD အပါအဝင် တိုင်းရင်းသားပါတီ ၁၃ ခုဖြင့်ဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုး များ မဟာမိတ် (UNA)နှင့် ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) တို့၏ နာယက အဖြစ်လည်း တာဝန်ယူခဲ့သည်။

ဝါရင့်နိုင်ငံရေးခေါင်းဆောင် ဦးခွန်ထွန်းဦးသည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ် တစ်ဦးလည်းဖြစ်ပြီး ၎င်း၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် စစ်အစိုးရလက်ထက်တွင် ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။

သတင်း

မန္တလေးမြို့က ထင်ရှားတဲ့ စာရေးဆရာ သင့်နော် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။