Connect with us

Hi, what are you looking for?

News

ဦးခွန်ထွန်းဦးကွယ်လွန်ခြင်းအပေါ် NUGယာယီသမ္မတ ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

ဦးခွန်ထွန်းဦးသည် ၁၉၈၈တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်ကာ ပါတီဥက္ကဌအဖြစ် နှစ်ပေါင်း ၃၀ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ် သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီ၏ ဥက္ကဌဟောင်းဖြစ်သူ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်ကြီး ဦးခွန်ထွန်းဦး ကွယ်လွန်သည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မိသားစုနှင့်အတူ ဝမ်းနည်းပူဆွေးရကြောင်း ယာယီသမ္မတဒူဝါလရှီးလက သဝဏ်လွှာပေးပို့သည်။

တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံကာ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ခေါင်းဆောင်ကြီး ဦးခွန်ထွန်းဦး ကောင်းရာသုဂတိ လားပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်သည်ဟု ယာယီသမ္မတ ၏သဝဏ်လွှာ၌ ဖော်ပြထားသည်။

ဦးခွန်ထွန်းဦးသည် ၁၉၈၈တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်ကာ ပါတီဥက္ကဌအဖြစ် နှစ်ပေါင်း ၃၀ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ် သည်။

ထို့အပြင် တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်၏ နာယကကြီးလည်းဖြစ်ကာ တိုင်းပြည်၏ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ပြည်ထောင်စုအရေးနှင့် တိုင်းရင်းသားအားလုံးလေးစားရသော ခေါင်းဆောင်ကြီးဖြစ်ကြောင်းသဝဏ်လွှာ၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အသက်၇၈နှစ်ရှိပြီဖြစ်သော ဦးခွန်ထွန်းဦးသည် ယနေ့ဧပြီ၃၀ရက်နေ့လည်ပိုင်း၌ရန်ကုန်မြို့ရှိနေအိမ်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဥက္ကဋ္ဌအဖြစ် ဒေါက်တာသိန်းလွင် တာဝန်ယူပြီး NUG ပညာရေးဝန်ကြီးနဲ့ တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်

သတင်း

တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတရဲ့ တရားဝင်ဖိတ်ကြားချက်အရ ဒီလီအပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာအားကစားအဖွဲ့ စေလွှတ်ခဲ့ကြောင်း ဒီကနေ့ (သြဂုတ် ၁၂)မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး