Connect with us

Hi, what are you looking for?

LuduNwayOo

News

တောင်သာရဲစခန်းအား PDFက လက်နက်ကြီးဖြင့် အနီးကပ်ပစ်ခတ် တိုက်ခိုက်

PDF တောင်သာသည် ဧပြီ၂၆ ရက်ကလည်း မိတ္ထီလာခရိုင် မလှိုင်မြို့နယ်ရှိ ထွေအုပ်ရုံးနှင့်စည်ပင်သာယာရုံးကြား (၄၀)မမဖြင့် ပစ်ခတ်သတိပေးခဲ့သေးသည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင် တောင်သာမြို့နယ်ရဲစခန်းအား လက်နက်ကြီးဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေးဦးထိမှန်ကြောင်း PDF တောင်သာက ထုတ်ပြန် သည်။

ယနေ့ (ဧပြီ ၃၀ ရက်) နံနက် ၁၁နာရီခွဲခန့်က တောင်သာမြို့နယ်ရဲစခန်းအား (၄၀)မမဖြင့် ပေ၂၀၀ခန့်အကွာမှ အနီးကပ်ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှုသည် တောင်သာ ရဲစခန်းလိုင်းခန်းဝင်းမှ လူပျိုဆောင်(၂ထပ်ဆောင်အပေါ်ထပ် မြောက်ဆုံးတောင်ဘက်အခန်း) ပစ်မှတ်ကို တိကျစွာထိမှန်မှုကို မြင်တွေ့ရကြောင်း PDF တောင်သာက ထုတ်ပြန်သည်။

မြေပြင်သတင်းအရ ​လေးဦးထိမှန်သည်ဟု သိရှိရပြီး အကြမ်းဖက်စစ်ကောင်စီဘက်ကမူ သတင်းအမှောင် ချ၍ အချင်းအချင်းပစ်ခတ်သ​ည်ဟု သတင်းလွှင့်ထားကြောင်း PDF တောင်သာက ဆိုသည်။

Public Service Announcement

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်​၍ PDF တောင်သာထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

PDF တောင်သာသည် ဧပြီ၂၆ ရက်ကလည်း မိတ္ထီလာခရိုင် မလှိုင်မြို့နယ်ရှိ ထွေအုပ်ရုံးနှင့်စည်ပင်သာယာရုံးကြား (၄၀)မမဖြင့် ပစ်ခတ်သတိပေးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။