Connect with us

Hi, what are you looking for?

News

တောင်သာရဲစခန်းအား PDFက လက်နက်ကြီးဖြင့် အနီးကပ်ပစ်ခတ် တိုက်ခိုက်

PDF တောင်သာသည် ဧပြီ၂၆ ရက်ကလည်း မိတ္ထီလာခရိုင် မလှိုင်မြို့နယ်ရှိ ထွေအုပ်ရုံးနှင့်စည်ပင်သာယာရုံးကြား (၄၀)မမဖြင့် ပစ်ခတ်သတိပေးခဲ့သေးသည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင် တောင်သာမြို့နယ်ရဲစခန်းအား လက်နက်ကြီးဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေးဦးထိမှန်ကြောင်း PDF တောင်သာက ထုတ်ပြန် သည်။

ယနေ့ (ဧပြီ ၃၀ ရက်) နံနက် ၁၁နာရီခွဲခန့်က တောင်သာမြို့နယ်ရဲစခန်းအား (၄၀)မမဖြင့် ပေ၂၀၀ခန့်အကွာမှ အနီးကပ်ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှုသည် တောင်သာ ရဲစခန်းလိုင်းခန်းဝင်းမှ လူပျိုဆောင်(၂ထပ်ဆောင်အပေါ်ထပ် မြောက်ဆုံးတောင်ဘက်အခန်း) ပစ်မှတ်ကို တိကျစွာထိမှန်မှုကို မြင်တွေ့ရကြောင်း PDF တောင်သာက ထုတ်ပြန်သည်။

မြေပြင်သတင်းအရ ​လေးဦးထိမှန်သည်ဟု သိရှိရပြီး အကြမ်းဖက်စစ်ကောင်စီဘက်ကမူ သတင်းအမှောင် ချ၍ အချင်းအချင်းပစ်ခတ်သ​ည်ဟု သတင်းလွှင့်ထားကြောင်း PDF တောင်သာက ဆိုသည်။

Public Service Announcement

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်​၍ PDF တောင်သာထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

PDF တောင်သာသည် ဧပြီ၂၆ ရက်ကလည်း မိတ္ထီလာခရိုင် မလှိုင်မြို့နယ်ရှိ ထွေအုပ်ရုံးနှင့်စည်ပင်သာယာရုံးကြား (၄၀)မမဖြင့် ပစ်ခတ်သတိပေးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။