Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုးဗြဲ PDF တပ်ခွဲနှစ်ခုပူးပေါင်းပြီး ၁၁ရက်ကြာ မွန်းမံ သင်တန်းပြုလုပ်

ယခုနှစ် ဖေဖော်ဝါရီလဝက်ကစ၍ အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ကြောင့် မိုးဗြဲ မြို့နယ်တွင် တိုက်ပွဲ များပြင်းထန်ခဲ့ပြီး နှစ်ဘက်ထိခိုက် ကျဆုံးမှုများစွာရှိခဲ့သည်။

ရှမ်း-ကယားပြည်နယ်ဒေသအစပ်ရှိ မိုးဗြဲမြို့ ပြည်သူ့ကာကွယ်ရေးတပ်၏ တပ်ခွဲ နှစ်ခုပူးပေါင်းပြီး ၁၁ ရက်ကြာ မွန်းမံသင်တန်းပြုလုပ်ခဲ့ကြောင်း မိုးဗြဲ PDFက ထုတ်ပြန်သည်။

ဧပြီ ၁၉ ရက်ကစ၍ ၂၉ ရက်အထိ ၁၁ရက်ကြာ ​မွန်းမံ သင်တန်းကိုပြုလုပ်ခဲ့ပြီး ဧပြီ ၃၀ရက်တွင် သင်တန်း ဆင်းပွဲ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“ပြည်သူအတွက်အသက်ကိုစတေးဖို့ ဝန်မလေးတဲ့ ပြည်သူ့ရဲဘော်ကို ပြည်သူများအနေဖြင့် ထောက်ပံ့ပေးကြဖို့လိုပါတယ်ဗျာ”ဟု မိုးဗြဲPDF က ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလဝက်ကစ၍ အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ကြောင့် မိုးဗြဲ မြို့နယ်တွင် တိုက်ပွဲ များပြင်းထန်ခဲ့ပြီး နှစ်ဘက်ထိခိုက် ကျဆုံးမှုများစွာရှိခဲ့သည်။

ထို့အပြင် မိုးဗြဲမြို့နယ်ဝါရီဆူးပလိုင်ဒေသတွင်အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်အင်အားဖြည့်တင်းလျက်ရှိသောကြောင့် ဧပြီအတွင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။