စစ်ကိုင်းတိုင်း မြောင်မြို့နယ်သို့ဝင်ရောက်လာသည့် အကြမ်းဖက်စစ်အုပ်စု၏ စစ်ကြောင်းတွင် ရဲ များကိုသာ အသုံးပြုထားကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့
CDSOMက ယနေ့(မေ ၁ရက်)တွင် ထုတ်ပြန်သည်။
“ရဲမှူး စံလင်းဦးဆောင်၍မြောင်နယ်သို့ဝင်လာသော စစ်ကြောင်းအင်အား၊ လက်နက်စာရင်းနှင့် ရွာစဥ်စာရင်း။နယ်သူနယ်သားများ ကြိုတင်သိရှိ ပြင်ဆင်ထားနိုင်ဖို့အတွက်ပါ”ဟု CDSOM က ဆိုသည်။


အဆိုပါ အကြမ်းဖက်စစ်အုပ်စု၏ စစ်ကြောင်းတွင် အင်အားစုစုပေါင်း ၈၇ ဦးပါရှိကာ အားလုံးမှာ ရဲ များဖြစ်ပြီး (၄၀) မမ ၊BA 63 ၊ BA 64 နှင့် BA 94 စသည့် လက်နက်များကို ကိုင်ဆောင်ထားကြောင်း ထုတ်ပြန်ချက်ပါ စာရွက်များ၌ ဖော်ပြထားသည်။
အလားတူ မြောင်မြို့နယ်အတွင်းစစ်ကြောင်းထိုးမည့် စာရင်းအရ စံပယ်ကန် ၊ မန်ကျည်းစု၊လက်ယက်မ၊အောင်ချမ်းသာ၊ဖွားစော၊နဘက်၊ ရွှေမန်း၊မယ်ဇလီကုန်း၊ ဇရပ်ကုန်း၊ ကျောက်ဆစ်ကန်၊ဝါးရုံ နှင့်ချောင်းဦး ကျေးရွာတို့ ပါဝင်သည်။

Public Service Announcement


“အဲဒီစစ်ကြောင်းက လွန်ခဲ့တဲ့ နှစ်ရက်ကတည်း က ချောင်းဦးဘက်က နေတက်လာတာ ။မနေ့က စပြီး တိုက်ပွဲ ဖြစ်ခဲ့တယ်”ဟု CDSOM တာဝန်ရှိသူက People’s Springသို့ ပြောသည်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား
ယမန်နေ့(ဧပြီ ၃၀ ရက်)ကစ၍ ကျောက်ဆစ်ကန်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း CDSOM က ထုတ်ပြန်ထားသည်။


















































