Connect with us

Hi, what are you looking for?

News

အုပ်ချုပ်ရေးစနစ်ကို တိုင်းများတွင်သာ အဓိကတည် ဆောက်နေပြီး ပြည်နယ်များ၏ အုပ်ချုပ်ရေး စွက်ဖက်ခြင်းမဟုတ်ဟု NUG ပြည်ထဲရေးဝန်ကြီးရှင်းလင်း

ကနဦးက CDM ဝန်ထမ်းများဖြင့် ဖွဲ့စည်းခဲ့သော ကော်မတီများကို ဧပြီလကုန်ပိုင်းတွင် ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ယင်းသို့ ဖွဲ့စည်းမှုသည် ဝန်ကြီး ဌာန၏ လုပ်ငန်းစဉ်အရ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ဦးလွင်ကိုလတ်က ရှင်းလင်းသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အုပ်ချုပ်ရေးစနစ်ကို တိုင်း​ဒေသကြီးများတွင်သာ အဓိကတည် ဆောက်နေပြီး ပြည်နယ်များ၏ အုပ်ချုပ်ရေးကို စွက်ဖက်ခြင်းမဟုတ်ကြောင်း ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က ရှင်းလင်းပြောကြားသည်။

ဧပြီ ၂၄ ရက်တွင် NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာနက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန CDM ဝန်ထမ်းများအုပ်ချုပ်မှုကော်မတီအား ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့မှုအပေါ် ကရင်နီပြည်၊ ပြည်ထဲရေးဌာနက ကန့်ကွက်ခဲ့သည်။

ယင်းသို့ ကန့်ကွက်ခဲ့မှုနှင့်ပတ်သက်၍ NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးက စိတ်မပူကြရန်နှင့် လုံလောက်သည့်သတင်းစကားမပါးနိုင်သည့်အတွက် ဖြစ်ပွားရခြင်းဖြစ်ကြောင်း ယနေ့ ကျင်းပသော Myanmar American Forum ၌ ရှင်းလင်းသည်။

“ကျွန်တော်တို့ကြားထဲမှာ သိပ်ကြီးမားတဲ့ပြဿနာမရှိပါဘူး။ မဟာမိတ်ဆက်ဆံရေးလည်းတည် ဆောက်ပြီးပြီ။ Federal principles တွေနဲ့ပတ်သက်ပြီးလည်း အားလုံးက လက်ခံတဲ့ မူဝါဒ ကျွန်တော်တို့မှာ ရှိထားပြီးဖြစ်ပါတယ်။ သို့သော် အကောင်အထည်ဖော်တဲ့အခါ အမြင်မတူတာလေး တွေ၊ နားလည်မှုလွဲသွားတာလေးတွေ၊ အခုလိုကိစ္စလေးတွေက ကျွန်တော်တို့ အမှားပဲဖြစ်မှာပဲ။ အားနည်းချက်ကြောင့်ဖြစ်တာ။ ကျွန်တော်တို့ လုံလောက်တဲ့ သတင်းစကားမပါးနိုင်လို့ ဒီလို ဖြစ်တယ်လို့ လက်ခံတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

Public Service Announcement

Public Service Announcement

NUG ၏ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန ဖွဲ့စည်းလုပ် ဆောင်ခြင်းသည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)မှ ရေးဆွဲ၍ ပြည်သူ့ညီလာခံ၌ အတည်ပြုထားသည့် ဖက်ဒရယ် ဒီမိုကရေစီပဋိဉာဉ် အစိတ်အပိုင်း(၂)ပါ ကြားကလ ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး၊ တရားစီရင်ရေးကဏ္ဍ တွင် ဖော်ပြထားသည့် လုပ်ပိုင်ခွင့်များနှင့် ဆန့်ကျင်နေသည်ဟု ကရင်နီပြည်၊ ပြည်ထဲရေးဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် ကရင်နီပြည်နယ်အတွင်း ယခင်ကတည်းက ဖွဲ့စည်းတည်ဆောက်ထားသည့် တိုင်းရင်းသားတော်လှန် ရေးအဖွဲ့အစည်းများ နှင့်သော်လည်းကောင်း၊ ကရင်နီ ပြည်နယ် အတိုင်ပင်ခံကောင်စီနှင့်သော်လည်းကောင်း တစ်စုံတစ်ရာ ကြေလည်မှုရှိအောင် ညှိနှိုင်း ဆောင်ရွက်ခြင်း မပြုဘဲ ဖွဲ့စည်းထားသည့် မည်သည့် အုပ်ချုပ်ရေးအဖွဲ့ကိုမဆို လက်ခံသွားမည်မဟုတ်ကြောင်းနှင့် သက်ဆိုင်ရာမှ အမြန်ဆုံးပြန်လည်ရုပ်သိမ်းသွားရန် ကရင်နီပြည်၊ ပြည်ထဲရေးဌာနက အသိပေးထားသည်။

ယင်းနှင့်ပတ်သက်၍ NUG အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့အကြား ယနေ့ဆွေးနွေးရန်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလတ်က ပြောသည်။

လက်ရှိတွင် စစ်ကိုင်းနှင့် မကွေးတိုင်းတို့ရှိ မြို့နယ် ၃၆ မြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးစနစ် ဖော်ဆောင်နိုင်ထားပြီး မကြာမီတွင် ပဲခူးတိုင်းတွင် ဆက်လက်ဖော်ဆောင်နိုင်ရန် NUG က ကြိုးပမ်းမည်ဟု ဆိုသည်။

ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်ထားနိုင်သည့် မြို့နယ်ပေါင်း ၃၆ မြို့နယ်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်အပြီးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီကို ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း NUGက ကြေညာခဲ့ခြင်းဖြစ် သည်။

ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနသည် လက်ရှိတွင် ဦးစီးဌာန ၅ ခုဖြင့် လည်ပတ်နေပြီး ၎င်းတို့ဝန်ကြီးဌာနတွင် CDM ဝန်ထမ်း ၂,၀၀၀ ခန့်ရှိကြောင်း အထက်ပါဝန်ကြီးက ပြောသည်။

ကနဦးက CDM ဝန်ထမ်းများဖြင့် ဖွဲ့စည်းခဲ့သော ကော်မတီများကို ဧပြီလကုန်ပိုင်းတွင် ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ယင်းသို့ ဖွဲ့စည်းမှုသည် ဝန်ကြီး ဌာန၏ လုပ်ငန်းစဉ်အရ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ဦးလွင်ကိုလတ်က ရှင်းလင်းသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook