Connect with us

Hi, what are you looking for?

News

ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ အတည်ပြုပြဌာန်းကြောင်း CRPH ထုတ်ပြန်

ပြည်သူ့ရဲတပ်ဖွဲ့ကို CDM ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်ဟောင်းများ၊ ပြည်သူ့ရဲတပ်ဖွဲ့ တွင် ဝင်ရောက်တာဝန်ထမ်းလိုသည့် ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် ရပ်ရွာအတွင်း အကျင့်စာရိတ္တ ကောင်းမွန်သည့် ပြည်ထောင်စုသားများဖြင့် ဖွဲ့စည်းရမည်ဟု ဥပဒေ၌ ပါရှိသည်။

▪️ရဲချုပ်ကို ပြည်ထောင်စုဝန်ကြီးချုပ်က ခန့်အပ်တာဝန်ပေးရမည်

ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ယနေ့ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်သူ့ရဲတပ်ဖွဲ့၏ ဒုတိယရဲမှူးကြီးမှ ရဲချုပ်အထိ ရာထူးအဆင့်ရှိသူများကို ခန့်အပ်တာဝန်ပေးရမည်ဟု ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေတွင် ပြဌာန်းထားသည်။

ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေပြဌာန်းရခြင်းရည်ရွယ်ချက်များတွင် အဓမ္မအာဏာသိမ်းယူခဲ့သော စစ်အာဏာရှင်တစ်စုအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန်၊ စစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက်ခံ ဝန်ထမ်းများမှ ပြည်သူလူထုအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုများ၊ ဥပဒေမဲ့ညှင်းပန်း နှိပ်စက် သတ်ဖြတ်မှုများ၊ မုဒိန်းကျင့်မှုများ၊ မီးရှို့ဖျက်ဆီးမှုများ၊ လုယက်မှုများနှင့် တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်မှုများအား ဖော်ထုတ်အရေးယူရန် အချက်များပါဝင်သည်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ယုံကြည်အားကိုးလက်ခံသည့် ရဲတပ်ဖွဲ့အဖြစ် စတင်အခြေပြု ပုံဖော်၍ ပြည်သူလူထုအပေါ်တွင် ဥပဒေနှင့်အညီ ဝန်ဆောင်မှုပေးသည့် ပြည်သူမှလေးစား တန်ဖိုးထားသော ရဲတပ်ဖွဲ့ ပေါ်ပေါက်လာစေရန်၊ ပြည်သူအချင်းချင်းကြား ဒုစရိုက်မှုများနှင့် တရားမဲ့ပြုကျင့်မှုများအား ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူလူထုနှင့် ပူးပေါင်း၍ တားဆီးနိုင်ရန် စသည့်အချက်များပါဝင်သည်။

ပြည်သူ့ရဲတပ်ဖွဲ့ကို CDM ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်ဟောင်းများ၊ ပြည်သူ့ရဲတပ်ဖွဲ့ တွင် ဝင်ရောက်တာဝန်ထမ်းလိုသည့် ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် ရပ်ရွာအတွင်း အကျင့်စာရိတ္တ ကောင်းမွန်သည့် ပြည်ထောင်စုသားများဖြင့် ဖွဲ့စည်းရမည်ဟု ဥပဒေ၌ ပါရှိသည်။

ပြည်သူ့ရဲတပ်ဖွဲ့ဝင်များသည် ပြည်ထောင်စုသားများအပေါ် ယဉ်ကျေးပျူငှာစွာဆက်ဆံရမည် ဖြစ်ပြီး မိမိတို့ကြောင့် စိတ်ငြိုငြင်စေခြင်း၊ ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်းများ မပြုရန်၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကို ထိခိုက်စေနိုင်သည့် မည်သည့် ပြုမှုပြောဆိုပြုလုပ်မှု မျိုးကိုမျှ မပြုရန်၊ တာဝန်ထမ်းဆောင်ရာတွင် အဂတိလိုက်စားခြင်း၊ ပြည်သူလူထု၏ ပစ္စည်းဥစ္စာကိုလုယူဖျက်ဆီးခြင်းမပြုရန် စသည့်အချက်များကို လိုက်နာရမည်ဟု ဥပဒေ၌ပြဌာန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ CRPHက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့ ဧပြီ ၁၀ရက်မှာ ကျရောက်တဲ့ အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇) နှစ်မြောက် အထိမ်းအမှတ်နေ့သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး နောင်နှစ်ပေါင်းများစွာ တိုင် အာရက္ခပြည်သူတို့ ယုံကြည်အားကိုးရသော တပ်မတော်ကြီးအဖြစ် ခိုင်မာစွာရပ်တည် နိုင်ပါ စေကြောင်း ဖော်ပြထားပါတယ်။

သတင်း

စစ်အုပ်စုဖွဲ့မယ့် ဘယ်အဖွဲ့အစည်းမဆို အသိအမှတ်မပြုကြောင်းကြေညာဖို့ ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်