Connect with us

Hi, what are you looking for?

News

မန္တလေး Green House Inn စီးနင်းခံရမှုမှာ မြစ်ငယ် PDF ရဲဘော် ၅ ဦးကျဆုံးသွား

အဲဒီ PDF တပ်ဖွဲ့ဝင်တွေဟာ ဒဏ်ရာရတဲ့အတွက် ဝင်ရောက်နားနေချိန် သတင်းပေးကြောင့် စစ်အုပ်စုဘက်က အင်အားအလုံးအရင်းနဲ့ Green House Inn ကို ပိတ်ဆို့စီးနင်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

မနေ့က မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်ထဲက တည်းခိုခန်းကို စစ်ကောင်စီတပ်ဝင်စီးနင်းရာမှာ ပြန်လည်ခုခံရင်းကျဆုံးသွားသူ ၅ ဦးဟာ မြစ်ငယ် PDF တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ မန္တလေးမြို့ပြပျောက်ကြား တပ်ဖွဲ့ Rangers of Mandalay က ထုတ်ပြန်ပါတယ်။

အဲဒီ PDF တပ်ဖွဲ့ဝင်တွေဟာ ဒဏ်ရာရတဲ့အတွက် ဝင်ရောက်နားနေချိန် သတင်းပေးကြောင့် စစ်အုပ်စုဘက်က အင်အားအလုံးအရင်းနဲ့ Green House Inn ကို ပိတ်ဆို့စီးနင်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့စီးနင်းမှုကိုအညံ့မခံဘဲ ပြန်လည်ခုခံရာမှာ မြစ်ငယ် PDF တပ်ဖွဲ့ဝင်တွေဖြစ်တဲ့
ဗိုလ်ကျုံးထန်၊ ရဲဘော်ညီကို၊ ရဲဘော်ဩဘာ၊ ရဲဘော်ဖက်တီး၊ရဲဘော်မအိတို့ ကျဆုံးသွားတယ်လို့ Rangers of Mandalay က ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အညံမခံဘဲ ပြန်လည်ခုခံရာမှာ အင်အားမမျှတာကြောင့် ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက်မြစ်ငယ်PDF နဲ့အတူ ထပ်တူဝမ်းနည်းရတယ်လို့လည်း Rangers of Mandalay က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။