Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေး Green House Inn စီးနင်းခံရမှုမှာ မြစ်ငယ် PDF ရဲဘော် ၅ ဦးကျဆုံးသွား

အဲဒီ PDF တပ်ဖွဲ့ဝင်တွေဟာ ဒဏ်ရာရတဲ့အတွက် ဝင်ရောက်နားနေချိန် သတင်းပေးကြောင့် စစ်အုပ်စုဘက်က အင်အားအလုံးအရင်းနဲ့ Green House Inn ကို ပိတ်ဆို့စီးနင်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

မနေ့က မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်ထဲက တည်းခိုခန်းကို စစ်ကောင်စီတပ်ဝင်စီးနင်းရာမှာ ပြန်လည်ခုခံရင်းကျဆုံးသွားသူ ၅ ဦးဟာ မြစ်ငယ် PDF တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ မန္တလေးမြို့ပြပျောက်ကြား တပ်ဖွဲ့ Rangers of Mandalay က ထုတ်ပြန်ပါတယ်။

အဲဒီ PDF တပ်ဖွဲ့ဝင်တွေဟာ ဒဏ်ရာရတဲ့အတွက် ဝင်ရောက်နားနေချိန် သတင်းပေးကြောင့် စစ်အုပ်စုဘက်က အင်အားအလုံးအရင်းနဲ့ Green House Inn ကို ပိတ်ဆို့စီးနင်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့စီးနင်းမှုကိုအညံ့မခံဘဲ ပြန်လည်ခုခံရာမှာ မြစ်ငယ် PDF တပ်ဖွဲ့ဝင်တွေဖြစ်တဲ့
ဗိုလ်ကျုံးထန်၊ ရဲဘော်ညီကို၊ ရဲဘော်ဩဘာ၊ ရဲဘော်ဖက်တီး၊ရဲဘော်မအိတို့ ကျဆုံးသွားတယ်လို့ Rangers of Mandalay က ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အညံမခံဘဲ ပြန်လည်ခုခံရာမှာ အင်အားမမျှတာကြောင့် ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက်မြစ်ငယ်PDF နဲ့အတူ ထပ်တူဝမ်းနည်းရတယ်လို့လည်း Rangers of Mandalay က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။