Connect with us

Hi, what are you looking for?

News

ရွှေကုန်ကြမ်းမပြတ်လပ်​စေရန် ဗဟိုဘဏ်မှ​ရွှေ​ရောင်း​ပေးရန်၊ ပြည်ပမှ​တင်သွင်းရန် စီစဥ်မည်ဟု ရန်ကုန်တိုင်း​ရွှေအသင်းဆို

မေ ၂ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၂၀အောက်ကို စတင်ကျဆင်းခဲ့သည်။ သို့သော်လည်း ရန်ကုန်မြို့ရှိ ရွှေဆိုင်များက အခေါက်ရွှေနှင့် ရွှေအထည်အကျစ်ထည်များကို ရောင်းချခြင်းမရှိတော့ကြောင်း ရွှေဝယ်သူများကပြောသည်။

အကယ်ဒမီအ​ခေါက်​ရွှေများ

စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်မှ နိုင်ငံတော် အရံရွှေများရောင်းချပေးရန် တင်ပြတောင်းဆိုမည်ဟု ရွှေကုန်သည်များတွေ့ဆုံစဉ် ဆုံးဖြတ်ခဲ့သည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ယနေ့ထုတ်ပြန်သည်။

စစ်ကောင်စီအလိုကျဆောင်ရွက်ပေးနေသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက စျေးကွက်အတွင်းရွှေကုန်ကြမ်းပြတ်လပ်မှုမရှိစေရန် ​မေ ၄ ရက်တွင်ဆွေးနွေးခဲ့သည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ဗဟိုဘဏ်မှ ​ရွှေ​ရောင်း​ချ​ပေးရန်တင်ပြမည့်အပြင် ရွှေကုန်ကြမ်းပြတ်တောက်မူမရှိစေရန်အတွက် ပြည်ပတင်သွင်းမည်ဟုလည်းဆိုထားသည်။

ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်အသင်းက​မေ ၄ ရက်တွင်​ဆွေး​နွေးဆုံးဖြတ်ခဲ့သည်ဆို​သောအချက်များ

ထိုအပြင် ရွှေဆိုင်နှင့် ရွှေကုန်လုပ်ငန်းရှင်များသည် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဖွင့်လှစ်သည့် ဈေးနှုန်းထက် ကျပ် ၅၀၀၀ သာခွာ၍ ရောင်းချရန်၊ နယ်မြေဖြတ်ကျော်မရောင်းချရန်လည်းအဆိုပါအသင်းကကန့်သတ်လိုက်သည်ဟုဆိုသည်။ ​ရွှေတွင်းလိုင်စင်ရှိသူများနှင့်​ရွှေ​ရောင်ဝယ်ကြရန်လည်းဆုံးဖြတ်သည်ဟုဆိုသည်။ထို​ကြောင့်စစ်​ကောင်စီလက်​အောက်တွင် ​ရွှေတွင်းလိုင်စင်ရ ပုဂ္ဂိုလ်များမှာ စစ်​ကောင်စီကိုအခွန်​ပေး​ဆောင်​နေကြရသည်ဖြစ်၍ စစ်​ကောင်စီအတွက်​ငွေရ​အောင် အသင်းကကြိုးစား​နေခြင်းဖြစ်သည်ဟု ​ရွှေလုပ်ငန်းရှင်တစ်ဦးကလည်း​ပြောသည်။

Public Service Announcement

Public Service Announcement

မေ ၂ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၂၀အောက်ကို စတင်ကျဆင်းခဲ့သည်။ သို့သော်လည်း ရန်ကုန်မြို့ရှိ ရွှေဆိုင်များက အခေါက်ရွှေနှင့် ရွှေအထည်အကျစ်ထည်များကို ရောင်းချခြင်းမရှိတော့ကြောင်း ရွှေဝယ်သူများကပြောသည်။

ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်အသင်း အစည်းအ​ဝေးပြုလုပ်စဥ် ။ ဓါတ်ပုံ- YGA

‘“၁၅ ပဲရည်လို လက်ဝတ်ရတနာထည်တွေပဲရောင်းတယ်၊ ၁၆ပဲရည်ကို အခေါက်ရွှေတွေ၊ အကျစ်ထည်တွေကိုမရောင်းပေးဘူး။ နောက်ပြီး ရန်ကုန်အသင်းကသတ်မှတ်တဲ့ နှုန်းနဲ့လည်း ဘယ်မှာမှ ဝယ်လို့မရဘူး”ဟု မေ ၂ ရက်က ရွှေဝယ်ရန် လိုက်လံစုံစမ်းခဲ့သူတစ်ဦးကပြောသည်။

စစ်ကောင်စီက ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းကို အသုံးပြုပြီးရွှေဈေးနှုန်းကိုကန့်သတ်နေခြင်းဖြစ်သည်ဟု​ရွှေ​ရောင်းဝယ်​နေသူတစ်ဦးက​ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ​ကျပ်​ငွေတန်ဖိုးကျပြီး ​ရွှေနှင့်​ဒေါ်လာ​ဈေးနှုန်းများ စံချိန်တင်တက်ခဲ့ရာ ၂၀၂၁ စက်တင်ဘာ လတွင် အခေါက်ရွှေတစ်ကျပ်သားကို ၂၂သိန်းအထိ စံချိန်တင်မြင့်တက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။