Connect with us

Hi, what are you looking for?

News

ပြည်သူလူထု ခုခံစစ်ကြောင့် ၁၁လအတွင်း စစ်ကောင်စီတပ်သား ၁၃၀၀၀ ကျော်သေဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

စစ်ကောင်စီတပ်အနေဖြင့် တစ်နေ့တခြား အင်အားပြုန်းတီးနေသကဲ့သို့ စိတ်ဓာတ်အရလည်း ဖရိုဖရဲ ပြိုကွဲနေပြီဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့ပြီး အဆိုပါအခြေအနေတွင် ရန်သူကို အနားမပေးဘဲ ပြည်သူ့ရှေ့မှောက် စစ်အာဏာရှင် များ ဒူးထောက်အညံခံရသည့် အချိန်အထိ အဆက်မပြတ် အရှိန်မြှင့် တိုက်ခိုက်ကြရန် ကာကွယ်ရေးဝန်ကြီးက မှာကြားခဲ့သည်။

(​ကော်ဘရာစစ်​ကြောင်း၏ စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - ​ကော်ဘရာစစ်​ကြောင်း)

ပြည်သူလူထု ခုခံတွန်းလှန်စစ်ကြောင့် ၁၁လ အတွင်း စစ်ကောင်စီတပ်သား ၁၃၀၀၀ ကျော်သေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

၂၀၂၁ ဇွန်လ ၁ရက်မှ ၂၀၂၂ ဧပြီ ၂၅ရက်အထိစုဆောင်းရရှိသည့် အချက်အလက်များအရ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း စစ်ကောင်စီတပ်သား ၁၃၀၆၂ဦး သေဆုံးပြီး ၄၂၈၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

၂၀၂၁ မေလ ၅ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း ကြေညာခဲ့ပြီးနော်က ဒေသအသီးသီးရှိ PDF ရဲဘော်များအနေဖြင့် ပျောက်ကြားစစ်၊ လှုပ်ရှားစစ် တို့ဖြင့် ရန်သူအထိနာအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ယနေ့ PDF တည်ထောင်မှု ကြေညာခြင်း တစ်နှစ်ပြည့် အမှာစကား၌ ထည့်သွင်း ပြောကြားခဲ့သည်။

(​ကော်ဘရာစစ်​ကြောင်း၏ စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ – ​ကော်ဘရာစစ်​ကြောင်း)

စစ်ကောင်စီတပ်အနေဖြင့် တစ်နေ့တခြား အင်အားပြုန်းတီးနေသကဲ့သို့ စိတ်ဓာတ်အရလည်း ဖရိုဖရဲ ပြိုကွဲနေပြီဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့ပြီး အဆိုပါအခြေအနေတွင် ရန်သူကို အနားမပေးဘဲ ပြည်သူ့ရှေ့မှောက် စစ်အာဏာရှင် များ ဒူးထောက်အညံခံရသည့် အချိန်အထိ အဆက်မပြတ် အရှိန်မြှင့် တိုက်ခိုက်ကြရန် ကာကွယ်ရေးဝန်ကြီးက မှာကြားခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ပြည်သူလူထုအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ လုပ်ရပ်များအပေါ် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ဆန့်ကျင်ခဲ့သော်လည်း အကြမ်းဖက်စစ်တပ်မှ လက်နက်အားကိုးဖြင့် ပြည်သူလူထုအား အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှု။ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ဒေသအသီးသီးရှိ ပြည်သူလူထုများက ရရာလက်နက်စွဲကိုင်တော်လှန်ခဲ့သည်။

(​ကော်ဘရာစစ်​ကြောင်း၏ စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ – ​ကော်ဘရာစစ်​ကြောင်း)

ထို့နောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တည်ထောင်ခဲ့ရာ တစ်နှစ်တာကာလအတွင်း နိုင်ငံတစ်ဝှမ်း၌ တပ်ရင်း၊တပ်ဖွဲ့ပေါင်း (၂၅၇)ရင်းဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များကိုလည်း မြို့နယ်ပေါင်း (၂၅၀)တွင် စနစ် တကျ ဖွဲ့စည်းနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။ ထို့ပြင် ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များ၊ မြို့ပြပြောက်ကျား အဖွဲ့များ (၄၀၀)ကျော်နှင့်လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်ရန် ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။