Connect with us

Hi, what are you looking for?

News

မန္တ​လေးမြို့ရှိ မြို့ပြ​ပြောက်ကျားနှစ်ဖွဲ့ မြို့ကို စွန့်ခွာ​တော့မည်ဟု ​ကြေညာ

မန္တလေးမြို့ရှိ မြို့ပြ​ပြောက်ကျားအဖွဲ့များကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း ပြည်သူများသာ၎င်းတို့ဘက်တွင်ရှိပါက စစ်ကောင်စီကို ဂရုစိုက်စရာမလိုကြောင်း အနက်ရောင်သေမင်း အဖွဲ့မှ ဗိုလ်နောင်လေးက ပြောသည်။

▪️မြို့ခံပြည်သူအချို့ ​တော်လှန်​ရေးအ​ပေါ် ​သွေး​အေး​လာဟုဆို

မန္တလေးမြို့တွင် လုံခြုံ​ရေးအ​ခြေအ​နေအရ ​နေထိုင် ၍မရခြင်းနှင့် မြို့​ဒေသခံများ၏ စစ်အာဏာရှင်တော်လှန်ရေးသွေးအေးလာမှုကြောင့်ဆိုကာ မြို့အားစွန့်ခွာမည်ဖြစ်ကြောင်း အဆိုပါမြို့အခြေစိုက် မြို့ပြ​ပြောက်ကျားအဖွဲ့ နှစ်ဖွဲ့က အသိ​ပေးထုတ်ပြန်သည်။

“ကျွန်တော်တို့မန္တလေးဟာ သွေးအေးနေသလိုအရမ်းလဲစည်ကားနေတာပါ။ မစ်ရှင်တွေလုပ်တဲ့ အခါမှာလည်း ကြေညာချက်တွေကို အလေးမထားပါဘူး။လုပ်ရတာမလွယ်ကူပါဘူးခင်ဗျာ”ဟု မန္တလေးမြို့ စွန့်ခွာရသည့် အကြောင်းနှင့်ပတ်သက်ပြီး အနက်ရောင်သေမင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်နောင်လေးက ပြောသည်။

ထို့အပြင် မြို့ခံအချို့က ​တော်လှန်​ရေးအ​ပေါ် အာရုံစိုက်ခြင်းနည်းလာပြီး ​​သွေး​အေးလာသလို စစ်ကောင်စီ၏ သတင်းပေး ဒလန်များမှာလည်း များပြားလာခြင်းကြောင့် စွန့်ခွာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“Good Bye Mandalay!!!ကိုယ့်မထိသရွေ့ တော်လှန်ရေးဟာကိုယ်နဲ့မဆိုင်သလိုနေကြတဲ့သူများနေတော့ ကျွန်‌တော်တို့အဖွဲ့ မြို့ပေါ်ကနေစွန့်ခွာသွားပါပြီ!!! မန်းသူ မန်းသားများ စိတ်အေးချမ်းသာစွာ မန်းမြို့ကြီးမှာ စစ်ကျွန်ဘဝနဲ့နေခဲ့ကြပါတော့… မန်းမြို့ပေါ်မှာ ကျွန်တော်တို့တွေဘယ်လိုမှနေလို့ရတဲ့အ‌ခြေအနေမဟုတ်တဲ့အတွက် မန်းမြို့ကြီးကိုစွန့်ခွာသွားရပေမယ့် တစ်ချိန်မှာ အောင်ပွဲတွေနဲ့အတူ မန်းမြို့ကြီးဆီကိုပြန်လာခဲ့ချင်ပါသေးတယ်…” ဟု Dragon Warrior MDY-PDF အဖွဲ့က မေလ ၄ရက်တွင် ထုတ်ပြန်ထားသည်။

မန္တလေးမြို့ရှိ မြို့ပြ​ပြောက်ကျားအဖွဲ့များကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း ပြည်သူများသာ၎င်းတို့ဘက်တွင်ရှိပါက စစ်ကောင်စီကို ဂရုစိုက်စရာမလိုကြောင်း အနက်ရောင်သေမင်း အဖွဲ့မှ ဗိုလ်နောင်လေးက ပြောသည်။

အနက်ရောင်သေမင်းအဖွဲ့အနေဖြင့် လတ်တလောတွင် ရန်ကုန်မြို့၌ Mission များပြုလုပ်သွားရန် အစီအစဉ်ရှိသည်ဟု ၎င်းက ဆိုသည်။

အဆိုပါ အနက်ရောင်သေမင်း နှင့် Dragon Warrior မြို့ပြ​ပြောက်ကျားတပ်ဖွဲ့တို့သည် မေလ ၃ရက်တွင် မဟာမိတ်ဖွဲ့စည်းခဲ့ကြောင်း ကြေညာထားသည်။

မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းက Rangers of Mandalay အဖွဲ့က အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ယန္တရားတပ် ဂိတ်ကင်းကို တိုက်ခိုက်ခဲ့သည်။

“အသိအဖွဲ့တွေ မြို့ကထွက်ခွာသွားတယ်မြို့ပေါ်မှာ မလွယ်ပါဘူး။အ​ခြေအနေတွေကြောင့်ဆိုတာ နားလည်ပါတယ်။ အင်အားစုစည်းပြီး ပြန်လာခဲ့ပါ ပြန်လှုပ်ပါ။ကျွန်တော်တို့တောင့်ခံထားပါမယ်
။မြို့ကြီးတွေပေါ်မှာတောင် ဒီရန်သူကို ​ပြောက်ကျားရင်ဆ်ိုင်နိုင်တယ် ဖိအားပေးနိုင်တယ်ဆိုတာ ကျွန်တော်တို့ ပြည်သူတွေကို အတိအကျ ပြသနိုင်ခဲ့တယ်”ဟု အထက်ပါ Mission ကို ဥပမာပေး၍ Rangers of Mandalay အဖွဲ့မှ ဗိုလ်ဖီးနစ်က ‌၎င်း၏ ဖေ့စ်ဘွတ်ခ်၌ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေ၊ လူငယ်​တွေနဲ့ ​တော်လှန်​ရေးကိုလမ်းမှား​ရောက်​စေမှာ မဟုတ်ပဲ ​တော်လှန်​ရေးရန်ပုံ​ငွေ ဘယ်​လောက်ခက်ခက် မူးယစ်​ဆေးဝါးနဲ့ အလုပ် လုပ်မှာမဟုတ်ဘူးလို့အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)ဝန်ကြီးချုပ်ရုံး၊ပြည်​ထောင်စုဝန်ကြီး ​ဒေါက် တာ​ဇော်​ဝေစိုးက ​NUGဖမ်းဆီးမိတဲ့မူးယစ်​ဆေးဝါး​တွေကိုဖျက်ဆီးတဲ့ပွဲမှာပြောကြားပါတယ် ။

သတင်း

မန္တလေးတိုင်းထဲက တံတားဦးနဲ့ညောင်ဦးမြို့နယ်တို့မှာလည်း ဆက်တိုက်​ပေါ်တာဆွဲတာတွေပြုလုပ်နေတယ်လို့​ဒေသခံ​တွေက ​ပြောပါတယ်။

သတင်း

မန္တ​လေးတိုင်းမှာ​သပိတ်ကျင်း နဲ့ မတ္တရာမြို့နယ်​တွေမှာတိုက်ပွဲ​တွေပြင်းထန်​နေသလို ၊ ကရင်၊ကရင်နီ ၊ပဲခူး ၊မ​ကွေး၊ တနသာ်ရီတိုင်းတို့မှာလည်း​​တိုက်ပွဲ​တွေ အကြာခဏဖြစ်ပွား​နေပါတယ်။

သတင်း

တောင်ဥက္ကလာပမြို့နယ်အတွင်း၌ ပေါက်ကွဲသံ အကျယ်ကြီး နှစ်ကြိမ်ကြားရကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့သည်ဟု Hlaing Info က သတင်းဖော်ပြထားသည်။