Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထားတဲ့မြို့​ပေါင်း ၉၀ ရှိလာ

မန္တ​လေးတိုင်းမှာ​သပိတ်ကျင်း နဲ့ မတ္တရာမြို့နယ်​တွေမှာတိုက်ပွဲ​တွေပြင်းထန်​နေသလို ၊ ကရင်၊ကရင်နီ ၊ပဲခူး ၊မ​ကွေး၊ တနသာ်ရီတိုင်းတို့မှာလည်း​​တိုက်ပွဲ​တွေ အကြာခဏဖြစ်ပွား​နေပါတယ်။

တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထားတဲ့မြို့​ပေါင်း ၉၀ ရှိလာ
တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထားတဲ့မြို့​ပေါင်း ၉၀ ရှိလာ

People’s Spring

အာရက္ခတပ်​တော်(AA)က ​စစ်​ကောင်စီရဲ့ မောင်​တောမြို့မှ​နောက်ဆုံးကျန်​နေတဲ့ အမှတ်(၅) နယ်ခြား​စောင့် ရဲတပ်ဖွဲ့ ခွဲ(နခခ-၅) ကိုဒီဇင်ဘာ ၈ ရက်​နေ့မနက်မှာအပြီးသတ်သိမ်းပိုက်လိုက်တာ​ကြောင့် ​မောင်​တောတစ်မြို့နယ်လုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ် ။ ​​AA က တောင်ကုတ်မြို့ကိုလည်းနိုဝင်ဘာ၂၄ ရက်မှာ အလုံးစုံထိန်းချုပ်နိုင်လို့​ကြေညာပါတယ် ။​တောင်ကုတ်မှာနောက်ဆုံးကျန်​​နေတဲ့ စကခ (၅) နဲ့ သူ့လက်​အောက်ခံ ခမရ(၃၄၆)၊ ခမရ(၅၄၄)တို့ကိုလည်း ပိတ်ဆို့ဖြတ်​တောက်ပြီးထိုးစစ်ဆင်​နေ​ကြောင်း AAကအသိ​ပေးထားပါတယ်။ဒါ​ကြောင့် အခုဆိုရင် နိုင်ငံတစ်ဝန်း ​တော်လှန်​ရေးတပ်​တွေကသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့​​ပေါင်း ၉၀ ရှိလာပြီဖြစ်ပါတယ် ။

ဒါအပြင် အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ရှိတဲ့ အမ်းမှာဆိုရင်လည်း စစ်စခန်းနဲ့တပ်ရင်း​ပေါင်း ၃၀ ​ကျော်ကိုအာရက္ခတပ်​တော်ကသိမ်းပိုက်ထားပြီး နပခတစ်ခုတည်းသိမ်းပိုက်စရာကျန်ပါ​တော့တယ် ။ရခိုင်ပြည်နယ် နဲ့ ဧရာဝတီတိုင်းအစပ်က ဂွမြို့နယ်က လက်ကျန်စစ်စခန်း​တွေကိုလည်း AA ကထိုးစစ်ဆင်​နေပါတယ် ။ဒါ​ကြောင့် နပခ အပါအဝင် အမ်းမြို့နဲ့ ဂွမြို့တို့ဟာလည်း မကြာခင်AA သိမ်းပိုက်ထိန်းချုပ်နိုင်မယ့်အ​ခြေအ​နေဖြစ်ပါတယ် ။အဲဒီ နှစ်မြို့နယ်ကိုသိမ်းပြီးရင် ရခိုင်ပြည်နယ်မှာ AAသိမ်းပိုက်ထားတဲ့မြို့နယ်​ပေါင်း ၁၄မြို့နယ်အထိဖြစ်လာမှာဖြစ်ပြီး စစ်​ကောင်စီ ထိန်းချုပ်ထားတာ စစ်​တွေ ၊​ကျောက်ဖြူ ၊ မာန်​အောင်မြို့နယ်​တွေပဲကျန်​တော့မှာဖြစ်ပါတယ် ။

ရခိုင်ပြည်နယ်မှ စစ်တိုင်းဌာနချုပ်အပါအဝင် မြို့ ၄ မြို့ကို AA ကအပြင်းအထန်ထိုးစစ်ဆင်​နေချိန်မှာ ကချင်လွတ်လပ်​ရေးတပ်မ​တော် (KIA)ကလည်း ကချင်ပြည်နယ်ရဲ့ဒုတိယမြို့​တော် ဗန်း​မော်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာ ၄ ရက်ကစတင်ဆင်နွှဲနေပါတယ် ။ချင်းပြည်နယ်မှာလည်း ချင်းညီ​နောင် ပူး​ပေါင်းတပ်​တွေက မင်းတပ် ၊ဖလမ်း မြို့​သိမ်းတိုက်ပွဲ​တွေ ဆင်နွှဲ​နေသလို ၊ချင်းပြည်​ကောင်စီလက်​အောက်ခံချင်းပူး​ပေါင်းတပ်​တွေကလည်း ထန်တလန် နဲ့ ဟားခါးကြားက စစ်တပ်စခန်း​တွေလိုက်သိမ်း​နေပါတယ် ။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းမှာလည်း PDF ​တွေက အင်း​တော်မြို့သိမ်းတိုက်ပွဲမှာလက်ကျန်စခန်း​တွေကိုထိုးစစ်ဆင်​နေပါတယ် ။ မန္တ​လေးတိုင်းမှာ​သပိတ်ကျင်း နဲ့ မတ္တရာမြို့နယ်​တွေမှာတိုက်ပွဲ​တွေပြင်းထန်​နေသလို ၊ ကရင်၊ကရင်နီ ၊ပဲခူး ၊မ​ကွေး၊ တနသာ်ရီတိုင်းတို့မှာလည်း​​တိုက်ပွဲ​တွေ အကြာခဏဖြစ်ပွား​နေပါတယ်။

ဒါ​ကြောင့် တရုတ်အကူအညီ နဲ့ရှမ်းပြည်နယ်​မြောက်ပိုင်းမှာ တိုက်ပွဲ​တွေ ​ခေတ္တရပ်​အောင်လုပ်ထားနိုင်​ပေမယ့် စစ်​ကောင်စီအတွက် နိုင်ငံတစ်ဝန်းမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ ထိုးစစ်​တွေ​၊ ​ပြောက်ကျားစစ်​တွေကြောင့် အနားမရပဲ အထိနာပြီး ဗြာများ​နေရတဲ့ကာလဖြစ်​နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ဥက္ကလာပမြို့နယ်အတွင်း၌ ပေါက်ကွဲသံ အကျယ်ကြီး နှစ်ကြိမ်ကြားရကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့သည်ဟု Hlaing Info က သတင်းဖော်ပြထားသည်။

Infographics

နွေဦး​တော်လှန်​ရေးမှာ ​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့မြို့​ပေါင်း ၈၇ မြို့​ရှိလာပြီဖြစ်ပါတယ်။

Infographics

အာရက္ခတပ်​တော်(AA) ကရခိုင်ပြည်နယ် က ​အမ်း ၊​မောင်​တော ၊ဂွ ၊ တောင်ကုတ်မြို့သိမ်းတိုက်ပွဲ​တွေ ဆင်နွှဲ​နေသလို ၊ PDF ​တွေကလည်း အင်း​တော်မြို့သိမ်းတိုက်ပွဲဆင်နွှဲ​နေပါတယ် ။

သတင်း

ပန်းချီကားလေလံကို စင်ကာပူ နှင့် အမေရိကန် နှစ်နိုင်ငံရှိမြန်မာများက ဈေးပြိုင်ပေးကာ အကြိတ်အနယ်လေလံဆွဲခဲ့ပြီး နောက်ဆုံးတွင် အမေရိကန်နိုင်ငံ၌နေထိုင်သည့် ကိုစည်သူဝင်းက အမေရိကန်ဒေါ်လာ ၃၁၀၀၀ ဖြင့် လေလံအောင်ခဲ့ခြင်းဖြစ်သည်။