Connect with us

Hi, what are you looking for?

News

အင်းပတ်ကွေ့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို KSOအဖွဲ့ ပဒေသာမိုင်းဖြင့် သုံးကြိမ်ဖောက်ခွဲတိုက်ခိုက်

မိုင်းမိခဲ့သ​ည့် အကြမ်းဖက်စစ်အုပ်စုသည် ရမ်းသမ်းပစ်ခတ်နေ၍ အင်းပတ်ကွေ့အနီးနေထိုင်သူများထွက်ပြေးနေရကြောင်း ​ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အင်းပတ်ကွေ့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အား ပဒေသာမိုင်းဖြင့် သုံးကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Khin U Support Organization-KSO အဖွဲ့က ပြောသည်။

ယနေ့(မေလ ၆ ရက်) နံနက် ၈နာရီမိနစ်၅၀ခန့်က ခင်ဦးမြို့နယ် အင်းပတ်ကွေ့ရှိ စစ်ဆေးရေးဂိတ်အသွင် ရောက်လာသော အင်အား၃၀ခန့်ပါ အကြမ်းဖက်စစ်အုပ်စုအား ပဒေသာမိုင်းသုံးကြိမ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KSO အဖွဲ့က အသိပေးသည်။

Public Service Announcement

ပဒေသာမိုင်းကြောင့် အကြမ်းဖက်စစ်သားများအတုံးအရုန်း လဲကျသေဆုံးပြီး ရေဦးမြို့ပေါ်မှ ကားနှစ်စီးဖြင့် တိုင်းရင်းဆေးရုံဘက်သို့ သယ်ဆောင်သွားသည်ဟု KSO က ပြောသည်။

“အကျအဆုံးများပါလိမ့်မယ်။ ပြန်တောင်မပစ်နိုင်ဘဲ ခွေးပြေးပြေးသွားရတယ်။”ဟု KSO အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းမိခဲ့သ​ည့် အကြမ်းဖက်စစ်အုပ်စုသည် ရမ်းသမ်းပစ်ခတ်နေ၍ အင်းပတ်ကွေ့အနီးနေထိုင်သူများထွက်ပြေးနေရကြောင်း ​ဒေသခံများက ပြောသည်။

ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ရွာပေါင်း ၁၇ ရွာမှ အိမ်ခြေတစ်ထောင်ကျော် မီးလောင်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။