Connect with us

Hi, what are you looking for?

News

စစ်ကောင်စီc၏ ဖိတ်ခေါ်ချက်အား လက်မခံသည့် KNU၏သဘောထား အပြောင်းအလဲမရှိ

ဧပြီ ၂၂ရက်က မင်းအောင်လှိုင်ကမ်းလှမ်းချက်အပြီး နာရီပိုင်းတွင် KNUပြောရေးဆိုခွင့်ရှိသူ တစ်ဦးအနေဖြင့် သဘောထား တုံ့ပြန်ချက်များကို မီဒီယာများအား ဖြေဆိုထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်က တိုင်းရင်း သားလက်နက်ကိုင်ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ချက်အပေါ် လက်မခံသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ သဘောထားမှာ အပြောင်းအလဲမရှိကြောင်း KNU ပြောရေးဆိုခွင့်ရှိ သူ ပဒိုစောတောနီးက ယနေ့ ပြောကြားသည်။

ဧပြီ ၂၂ရက်က မင်းအောင်လှိုင်ကမ်းလှမ်းချက်အပြီး နာရီပိုင်းတွင် KNUပြောရေးဆိုခွင့်ရှိသူ တစ်ဦးအနေဖြင့် သဘောထား တုံ့ပြန်ချက်များကို မီဒီယာများအား ဖြေဆိုထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ကျွန်​တော်ကိုယ်တိုင် KNU ​ပြော​ရေးဆိုခွင့်ရှိသူတစ်ယောက်အနေနဲ့တုံ့ပြန်ချက်အတိုင်း ဘာမှအပြောင်း အလဲမရှိဘဲအတည်ဖြစ်ပါတယ်”ဟု ပဒိုစောတောနီးက ပြောသည်။

ထိုစဉ်က ပဒိုစောတောနီးဖြေကြားခဲ့သည်မှာ စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးလိုပါက စစ်တပ်သည် နိုင်ငံရေးကထွက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ကို လက်တွေ့အကောင်အထည်ဖော်ရန်နှင့် စစ်ကောင်စီက ပြည်သူ လူထုအပေါ် အကြမ်းဖက်သတ်ဖြတ်ခဲ့မှုများနှင့်ပတ်သက်ပြီး အသွင်ကူးပြောင်းရေးကာလဆိုင်ရာ တရားမျှတမှု ဖော်ဆောင်ရေးကို လက်ခံရန်နှင့် နိုင်ငံ တကာပါဝင်ပတ်သက်မှုကို လက်ခံရန် အချက်များကို လိုအပ်သည်ဟုဆိုသည်။ ယင်းအချက်များ လက်မခံပါက မင်းအောင်လှိုင်ကိုယ်တိုင် လူလုံးထွက်ပြလည်း ဘာမှ ထူးမည်မဟုတ်ကြောင်း ပဒိုစောတောနီးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ပြည်သူလူထုများအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ထိုးစစ်ဆင်နေသည့် လုပ်ရပ်များ ပြောင်းလဲရန်လိုအပ်သည်ဟု ၎င်းက ပြောသည်။

“ဖိတ်ခေါ်တာ တောက်လျှောက်ပဲ။ ဒါပေမဲ့သူ့(မင်းအောင်လှိုင်)လုပ်ရပ်တွေကဘာမှ မပြောင်းဘူးလေ။ အဲဒါကြောင့်ကျွန်တော်တို့က လက်ခံနိုင်စရာအကြောင်းတော့မရှိဘူး”ဟု ပဒိုစောတောနီးက ပြောသည်။

KNU အနေဖြင့် အဓိကရည်မှန်းချက်ဖြစ်သည့် စစ်အာဏာရှင် ပြုတ်ကျရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပဒိုစောတောနီးက ပြောသည်။

ထို့ကြောင့် စစ်ကောင်စီခေါင်းဆောင်၏ ဖိတ်ခေါ်ချက်ကို လက်မခံကြောင်း တရားဝင်ထုတ်ပြန်ပြောဆိုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ဖွဲ့ရှိလာပြီး KNU၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။