Connect with us

Hi, what are you looking for?

News

ဒါရိုက်တာမောင်သီကို မတည်မငြိမ်ဖြစ်အောင်လှုံဆော်တယ်ဆိုပြီး စစ်ကောင်စီဖမ်းဆီး

ရန်ကုန်တိုင်း ၊စမ်းချောင်းမှာနေတဲ့ ဒါရိုက်တာ မောင်သီကို ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဝါဒဖြန့်သတင်းစာမှာ ဒီနေ့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

နိုင်ငံမတည်မငြိမ်ဖြစ်အောင် လူမှုကွန်ရက်ကနေ လှုံဆော်ဝါဒဖြန့်တယ်ဆိုကာ ဒါရိုက်တာမောင်သီကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။

ရန်ကုန်တိုင်း ၊စမ်းချောင်းမှာနေတဲ့ ဒါရိုက်တာ မောင်သီကို ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဝါဒဖြန့်သတင်းစာမှာ ဒီနေ့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ဒါရိုက်တာမောင်သီအသုံးပြုတဲ့ U thi ဆိုတဲ့ ဖေ့ဘွတ်ခ်အကောင့်ကနေ လှုံဆော်ဝါဒဖြန့်တယ်ဆိုပြီး ဖမ်းဆီးအမှုဖွင့်လိုက်တယ်လို့ စစ်ကောင်စီက သတင်းဖြန့်ထားပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ဧပြီလအတွင်းကလည်း ရန်ကုန်မှာနေတဲ့ လူရွှင်တော်ကောင်းကျော် ၊ သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ အမျိုးသား ဦးခန့်နိုင်တို့ကို ဖမ်းဆီးခဲ့တာတွေရှိပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။