Connect with us

Hi, what are you looking for?

LuduNwayOo

News

ရေစကြိုတွင် စစ်အုပ်စုနှင့် လက်ပါး​စေများက မြို့ပြ​ပြောက်ကျားတပ်အ​ယောင်​ဆောင်ကာ ​ဒေသခံပြည်သူများအား ဆဲဆိုကြိမ်း​မောင်း​နေ

ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အား လမ်းမများနှင့် ရေလယ်ကျွန်းဒေသတွင် ခုခံတိုက်ခိုက်လျက်ရှိသည်။

(N-YSO ပြောက်ကျားတပ်ဖွဲ့အား တွေ့ရစဥ်။)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ လမ်းပိုင်းအချို့တွင် လူတစ်စုက ပြောက်ကျားတပ်ဖွဲ့အယောင်ဆောင်ကာ ​ဒေသခံပြည်သူများအား ဆဲဆိုကြိမ်းမောင်းနေ၍ ၎င်းအတုအယောင်အဖွဲ့နှင့်သက်ဆိုင်ခြင်းမရှိကြောင်း N-YSOပြောက်ကျား တပ်ဖွဲ့က အသိပေးကြေညာသည်။

ရေစကြိုမြို့နယ်ရှိ လမ်းမများပေါ်တွင် အရပ်ဝတ်များနှင့်လက်နက်များကိုင်ဆောင်ပြီး ပြည်သူများအားဆဲဆိုကြိမ်းမောင်း​နေသူများသည် N-YSO ပြောက်ကျားတပ်ဖွဲ့အမည်အား အလွဲသုံးလုပ်စားပြုလုပ်​နေသည်ကို သိရှိ၍ ထိုဖြစ်ရပ်များမှာ ၎င်းတို့အဖွဲ့အစည်းနှင့် လုံးဝမသက် ဆိုင်ကြောင်း N-YSOက ပြောသည်။

ထိုသူများသည် စစ်သား၊ ရဲသားနှင့် ပျူစောထီးများဖြစ်ပြီး ၎င်းတို့အဖွဲ့အ​နေဖြင့် ပြည်သူများအား မိုက်ရိုင်းစော်ကားသည်လုပ်ရပ်မျိုးအား မည်သည့်အခါမျှ လုပ်မည်မဟုတ်ဟု N-YSOက အသိပေးသည်။

“အဓိကကတော့ ကျွန်တော်တို့ PDF တွေနဲ့ပြည်သူတွေကြားမှာသွေးကွဲစေလိုတဲ့ရည်ရွယ်ချက်နဲ့​ဗျ။ အဲလိုမျိုး ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ပြည်သူ​ဘယ်လောက်ပေါ်မှာ လုပ်ခဲ့မလဲတော့မသိဘူး။ အခုလိုဖြစ်ရပ်ကိုလည်း ကျွန်တော်တို့ကို စစ်ဆေးခံရတဲ့ ပြည်သူတစ်ဦးက လာရောက်မေးမြန်းပြီး ပြောပြခဲ့လို့သာသိရတာ​ဗျ။ အဲ့လိုမျိုး အကြိမ်ကြိမ်ကြားခဲ့ရတယ်။ ဒါပေမယ့် အခုတစ်ကြိမ်ကတော့ ကျွန်တော်တို့ အကြိမ်ရေများများအလွဲသုံးလုပ်ခံထားရတယ်ထင်လို့ ရှင်းပြသင့်ပြီမို့တင်ပြရတာပါ။” N-YSO ပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အား လမ်းမများနှင့် ရေလယ်ကျွန်းဒေသတွင် ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယမန်နေ့ (ဒီဇင်ဘာ ၆ ရက်) နံနက် ၉ နာရီခန့်က ရေစကြိုမြို့ရှိ (၂၅၈)တပ်ရင်းမှ စစ်သားသုံးဦးထွက်လာ၍ ရဲဘော်များက သွားရောက်ဖမ်းဆီးခဲ့ကြောင်း ရေစကြို(ပကဖ)ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ရာသို့ တံတားဦးဘက်မှ စစ်ကားတစ်စီးရောက်လာကြောင်း၊ ယမန်နေ့က ကျောက်ဆည်တစ်မြို့လုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။