Connect with us

Hi, what are you looking for?

News

ရေစကြိုတွင် စစ်အုပ်စုနှင့် လက်ပါး​စေများက မြို့ပြ​ပြောက်ကျားတပ်အ​ယောင်​ဆောင်ကာ ​ဒေသခံပြည်သူများအား ဆဲဆိုကြိမ်း​မောင်း​နေ

ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အား လမ်းမများနှင့် ရေလယ်ကျွန်းဒေသတွင် ခုခံတိုက်ခိုက်လျက်ရှိသည်။

(N-YSO ပြောက်ကျားတပ်ဖွဲ့အား တွေ့ရစဥ်။)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ လမ်းပိုင်းအချို့တွင် လူတစ်စုက ပြောက်ကျားတပ်ဖွဲ့အယောင်ဆောင်ကာ ​ဒေသခံပြည်သူများအား ဆဲဆိုကြိမ်းမောင်းနေ၍ ၎င်းအတုအယောင်အဖွဲ့နှင့်သက်ဆိုင်ခြင်းမရှိကြောင်း N-YSOပြောက်ကျား တပ်ဖွဲ့က အသိပေးကြေညာသည်။

ရေစကြိုမြို့နယ်ရှိ လမ်းမများပေါ်တွင် အရပ်ဝတ်များနှင့်လက်နက်များကိုင်ဆောင်ပြီး ပြည်သူများအားဆဲဆိုကြိမ်းမောင်း​နေသူများသည် N-YSO ပြောက်ကျားတပ်ဖွဲ့အမည်အား အလွဲသုံးလုပ်စားပြုလုပ်​နေသည်ကို သိရှိ၍ ထိုဖြစ်ရပ်များမှာ ၎င်းတို့အဖွဲ့အစည်းနှင့် လုံးဝမသက် ဆိုင်ကြောင်း N-YSOက ပြောသည်။

ထိုသူများသည် စစ်သား၊ ရဲသားနှင့် ပျူစောထီးများဖြစ်ပြီး ၎င်းတို့အဖွဲ့အ​နေဖြင့် ပြည်သူများအား မိုက်ရိုင်းစော်ကားသည်လုပ်ရပ်မျိုးအား မည်သည့်အခါမျှ လုပ်မည်မဟုတ်ဟု N-YSOက အသိပေးသည်။

“အဓိကကတော့ ကျွန်တော်တို့ PDF တွေနဲ့ပြည်သူတွေကြားမှာသွေးကွဲစေလိုတဲ့ရည်ရွယ်ချက်နဲ့​ဗျ။ အဲလိုမျိုး ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ပြည်သူ​ဘယ်လောက်ပေါ်မှာ လုပ်ခဲ့မလဲတော့မသိဘူး။ အခုလိုဖြစ်ရပ်ကိုလည်း ကျွန်တော်တို့ကို စစ်ဆေးခံရတဲ့ ပြည်သူတစ်ဦးက လာရောက်မေးမြန်းပြီး ပြောပြခဲ့လို့သာသိရတာ​ဗျ။ အဲ့လိုမျိုး အကြိမ်ကြိမ်ကြားခဲ့ရတယ်။ ဒါပေမယ့် အခုတစ်ကြိမ်ကတော့ ကျွန်တော်တို့ အကြိမ်ရေများများအလွဲသုံးလုပ်ခံထားရတယ်ထင်လို့ ရှင်းပြသင့်ပြီမို့တင်ပြရတာပါ။” N-YSO ပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အား လမ်းမများနှင့် ရေလယ်ကျွန်းဒေသတွင် ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

Facebook