Connect with us

Hi, what are you looking for?

News

မြလိပ်တောင်တွင်ဆန္ဒပြခဲ့သည့် လူငယ်များကို ဖမ်းဆီးပစ်သတ်ခဲ့ဟု စစ်ကောင်စီ သတင်းအမှားထုတ်လွှင့်

ယမန်နေ့ (မေလ ၆ ရက်)က ယင်းစာသားချိတ်၍ ဆန္ဒပြရန်ကြိုးပမ်းသည့် လူငယ်အမျိုးသား ​လေးဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို စစ်ကောင်စီဝင်များက ပစ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး​လေးဦး ဖမ်းမိခဲ့ကြောင်း အကြမ်းဖက်စစ်အုပ်စုက သတင်းအမှားများ ဖြန့်ဝေနေခြင်း ဖြစ်သည်။

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဒုဌဝတီမြစ်ကမ်းဘေး အမြင့်ပေ(၃၀၀၀)ကျော်ရှိသည့် မြလိပ်တောင်ထိပ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲခဲ့သည့် လူငယ်များကို ဖမ်းဆီးသတ်ပစ်ခဲ့ကြောင်းစစ်ကောင်စီဝါဒဖြန့်မီဒီယာများက ယနေ့ (မေလ ၇)သတင်းအမှားများ ထုတ်လွှင့်ခဲ့သည်။

ယမန်နေ့ (မေလ ၆ ရက်)က ယင်းစာသားချိတ်၍ ဆန္ဒပြရန်ကြိုးပမ်းသည့် လူငယ်အမျိုးသား ​လေးဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို စစ်ကောင်စီဝင်များက ပစ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး​လေးဦး ဖမ်းမိခဲ့ကြောင်း အကြမ်းဖက်စစ်အုပ်စုက သတင်းအမှားများ ဖြန့်ဝေနေခြင်း ဖြစ်သည်။

အဆိုပါ ဝါဒဖြန့်သတင်းမှာ သတင်းအမှားသာဖြစ်ပြီး မန္တလေးသပိတ်အဖွဲ့ဝင် အားလုံးဘေးကင်းကြောင်း သပိတ်ကော်မတီဝင်တစ်ဦးက ​ပြောသည်။

“ကျွန်တော်တို့က စာတန်းချိတ်ပြီးပြန်ရောက်မှ ပုံတွေတင်တာပါ။ သူတို့က စာတန်းကို တက်ဖြုတ်ပြီး အောက်ရောက်မှ ပုံအတုတွေနဲ့ သတင်းမှားတွေ ဝါဒဖြန့်တာပါ။ ပုံထဲက သူတွေက ဘယ်သူတွေမှန်းတော့ မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ သပိတ်ကော်မတီဝင် အားလုံး ဘေးကင်းပါတယ် “ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင်များသည် ပြီးခဲ့သည့် မေလ ၃ ရက်ကလည်း မြလိပ်တောင် အမြင့်ဆုံးထိပ်နေရာတွင် “ပြည်သူနဲ့ဆန့်ကျင်ဘက်မှာ ဘယ်ကောင်နေရဲလဲ”၊ “မင်းတို့ကြောက်တဲ့ကြွေးကြော်သံတွေ နေရာတိုင်းမှာပြန့်စေရမယ်” ၊ “လုံးဝအုပ်ချုပ်ခွင့်မရစေရ”၊ “Myanmar Military Dictatorship Must Fail” ဆိုသည့် စာတန်းကို ပေ(၃၀)ကျော် အရှည်ရှိသည့် အဝတ်စ အနီရဲရဲပေါ်၌ စာလုံးအဖြူများဖြင့် ရေးသားကာ ချိတ်ဆွဲခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၁)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်မှ စစ်ဘေးရှောင်များခ်ိုလှုံနေသည့်တောင်လေးလုံဘုန်းကြီးကျောင်းကို စစ်ကောင်စီကပြီးခဲ့သည့် မေလ ၈ရက်တွင်ဗုံးဖြင့်ကြဲချခဲ့သည့်ရုပ်သံမှတ်တမ်းယနေ့ထွက်ပေါ်လာသည်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်း စစ်ကောင်စီကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင် ပြိုကျနေခဲ့ရခြင်းက ငလျင်ဘေးသင့်ချိန်မှာ မြန်မာနိုင်ငံအတွက် သေကြေပျက်စီးမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တိုက်ပွဲများအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အထိနာသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Facebook