Connect with us

Hi, what are you looking for?

News

မြလိပ်တောင်တွင်ဆန္ဒပြခဲ့သည့် လူငယ်များကို ဖမ်းဆီးပစ်သတ်ခဲ့ဟု စစ်ကောင်စီ သတင်းအမှားထုတ်လွှင့်

ယမန်နေ့ (မေလ ၆ ရက်)က ယင်းစာသားချိတ်၍ ဆန္ဒပြရန်ကြိုးပမ်းသည့် လူငယ်အမျိုးသား ​လေးဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို စစ်ကောင်စီဝင်များက ပစ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး​လေးဦး ဖမ်းမိခဲ့ကြောင်း အကြမ်းဖက်စစ်အုပ်စုက သတင်းအမှားများ ဖြန့်ဝေနေခြင်း ဖြစ်သည်။

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဒုဌဝတီမြစ်ကမ်းဘေး အမြင့်ပေ(၃၀၀၀)ကျော်ရှိသည့် မြလိပ်တောင်ထိပ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲခဲ့သည့် လူငယ်များကို ဖမ်းဆီးသတ်ပစ်ခဲ့ကြောင်းစစ်ကောင်စီဝါဒဖြန့်မီဒီယာများက ယနေ့ (မေလ ၇)သတင်းအမှားများ ထုတ်လွှင့်ခဲ့သည်။

ယမန်နေ့ (မေလ ၆ ရက်)က ယင်းစာသားချိတ်၍ ဆန္ဒပြရန်ကြိုးပမ်းသည့် လူငယ်အမျိုးသား ​လေးဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို စစ်ကောင်စီဝင်များက ပစ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး​လေးဦး ဖမ်းမိခဲ့ကြောင်း အကြမ်းဖက်စစ်အုပ်စုက သတင်းအမှားများ ဖြန့်ဝေနေခြင်း ဖြစ်သည်။

အဆိုပါ ဝါဒဖြန့်သတင်းမှာ သတင်းအမှားသာဖြစ်ပြီး မန္တလေးသပိတ်အဖွဲ့ဝင် အားလုံးဘေးကင်းကြောင်း သပိတ်ကော်မတီဝင်တစ်ဦးက ​ပြောသည်။

“ကျွန်တော်တို့က စာတန်းချိတ်ပြီးပြန်ရောက်မှ ပုံတွေတင်တာပါ။ သူတို့က စာတန်းကို တက်ဖြုတ်ပြီး အောက်ရောက်မှ ပုံအတုတွေနဲ့ သတင်းမှားတွေ ဝါဒဖြန့်တာပါ။ ပုံထဲက သူတွေက ဘယ်သူတွေမှန်းတော့ မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ သပိတ်ကော်မတီဝင် အားလုံး ဘေးကင်းပါတယ် “ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင်များသည် ပြီးခဲ့သည့် မေလ ၃ ရက်ကလည်း မြလိပ်တောင် အမြင့်ဆုံးထိပ်နေရာတွင် “ပြည်သူနဲ့ဆန့်ကျင်ဘက်မှာ ဘယ်ကောင်နေရဲလဲ”၊ “မင်းတို့ကြောက်တဲ့ကြွေးကြော်သံတွေ နေရာတိုင်းမှာပြန့်စေရမယ်” ၊ “လုံးဝအုပ်ချုပ်ခွင့်မရစေရ”၊ “Myanmar Military Dictatorship Must Fail” ဆိုသည့် စာတန်းကို ပေ(၃၀)ကျော် အရှည်ရှိသည့် အဝတ်စ အနီရဲရဲပေါ်၌ စာလုံးအဖြူများဖြင့် ရေးသားကာ ချိတ်ဆွဲခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။