Connect with us

Hi, what are you looking for?

News

ရေဦးတွင် ​ကျေးရွာများအား မီးရှို့ဖျက်ဆီး​နေ​​သော စစ်​ကောင်စီတပ်ကို ​ဒေသကာကွယ်​ရေးတပ်များ တိုက်ခိုက်

တိုက်ပွဲထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ပြည်သူ့ကာကွယ် ရေးအဖွဲ့(ရေဦး)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

(နှောကုန်းကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ကျေးရွာများအား ဝင်ရောက်မီးရှို့သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ​ဒေသကာကွယ်​ရေးတပ်များက မိုင်းများ၊ လက်လုပ်အဝေးပစ်များဖြင့် နှစ်ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများက ပြော သည်။

ယနေ့(မေလ ၇ ရက်)နံနက် ၁၀နာရီခွဲခန့်က တန့်ဆည်မြို့နယ် ဆီဆုံရွာမှ ဆင်ခြံ​ကျေးရွာသို့ လာ​ရောက်သည့် အကြမ်းဖက်စစ်တပ်အား ဒေသခံတော်လှန်ရေးအဖွဲ့၊ (ပကဖ)နှင့် PDFတို့ပူးပေါင်းပြီး လက်လုပ်အဝေးပစ်များဖြင့် ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း စက်လက်၊ RPGများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု PDF ရေဦးက ပြောသည်။

(နှောကုန်းကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။)

“မိမိတို့ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။စစ်ခွေး အထိအခိုက်တော့ သတင်းမရသေး ပါ”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဦး)က အသိပေး သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အလားတူ ယနေ့ ​နေ့လယ် ၁၂နာရီခန့်ကလည်း ရေဦးမြို့နယ်၊ ကြာဖူးအဝိုင်း၌ စစ်ကားသုံးစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အပျက်အစီးအထိအခိုက်မသိရသေးကြောင်း ရေဦးနယ်ခံများက ပြောသည်။

တိုက်ပွဲထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ပြည်သူ့ကာကွယ် ရေးအဖွဲ့(ရေဦး)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

အကြမ်းဖက်စစ်တပ်သည် ယမန်နေ့ (မေလ ၆ ရက်)က ရေဦးမြို့နယ် နှောကုန်းကျေးရွာအား ဝင်ရောက်ပစ်ခတ်ခဲ့၍ ​ဒေသခံပြည်သူတစ်ဦး ကျည်ထိမှန်ခဲ့ပြီး နေအိမ်ရှစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။