Connect with us

Hi, what are you looking for?

LuduNwayOo

News

ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)မှ တပ်သားတစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

ကိုယ်ပိုင်အမှတ် တ/ ၅၆၅၆၅၆၊ ကပစ တပ်သား ကိုဇော်ဖြိုးသည် ​ယခုနှစ် ဧပြီ ၁၅ရက်တွင် စစ်ကောင်စီ၏ မတရားမှုများကို မကြိုက်နှစ်သက်၍ CDM ပြုလုပ်ပြီး YDF Htilin (Shwe Som Nyo) တွင် ခိုလှုံ၍ ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်လာသောကြောင့် ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)မှ တပ်သားကိုဇော်ဖြိုး ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်လာကြောင်း YDF Htilin (Shwe Som Nyo)က ယနေ့(မေ ၈ရက်)တွင် ထုတ်ပြန်သည်။

ကိုယ်ပိုင်အမှတ် တ/ ၅၆၅၆၅၆၊ ကပစ တပ်သား ကိုဇော်ဖြိုးသည် ​ယခုနှစ် ဧပြီ ၁၅ရက်တွင် စစ်ကောင်စီ၏ မတရားမှုများကို မကြိုက်နှစ်သက်၍ CDM ပြုလုပ်ပြီး YDF Htilin (Shwe Som Nyo) တွင် ခိုလှုံ၍ ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်လာသောကြောင့် ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ခဲ့သည်ဟု ဆိုသည်။

နောက်နောင်တွင် စစ်လက်နက်ပစ္စည်းအပြည့်အစုံ (Full Equipment) နှင့်တကွ YDF Htilin (Shwe Som Nyo) အဖွဲ့ထံ ဝင်ရောက်လာပါက ဆုကြေးငွေ သိန်း ၅၀ကိုပေးအပ်၍ လွတ်မြောက်နယ်မြေသို့ ရောက်ရှိအောင် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း အသိပေးသည်။

ယခုလ ၅ ရက်ကလည်း ထီးလင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် တပ်မ(၁၁)မှ တပ်ကြပ်အဆင့်ရှိ ရန်ရှိန်းထန်းသည် CDM ပြုလုပ်၍ ခိုလှုံလာကြောင်း YDF ထီးလင်းက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပေါက်ကွဲမှုကြောင့် နေပြည်တော် အေလာလေဆိပ်အနီး၊ လယ်ဝေးနှင့် ပျဥ်းမနားမြို့စွန်တို့တွင် ဖုန်းလိုင်းအချို့ ယာယီပြတ်တောက်မှုဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူတို့က ပြောသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့်လည်း စစ်ကောင်စီတပ် တိုက်လေယာဉ် တစ်စီးကို ယခုနှစ် ဇန်နဝါရီ လလယ်တွင် ရှမ်းမြောက် နမ့်ဖက်ကာတိုက်ပွဲ၌ ပစ်ချခဲ့ပြီး လေယာဉ် အပျက်အစီးကိုလည်း ပြသခဲ့သည်။

နိုင်ငံတကာ

ဂန်ဂျာရဲ့ အဖွဲ့ကတော့ ရွေးကောက်ပွဲမှာ စနစ်တကျ ကျူးလွန်တဲ့ မဲမသမာမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

သတင်း

၂၀၂၃နှစ်ကုန်ပိုင်းတွင် ပြည်သူ့တော်လှန်ရေးသည် အလှည့်အပြောင်း အမှတ်သို့ရောက်ရှိသွားခဲ့ရာ စစ်ရေးအရတော်လှန်ရေးအင်အားစုများအနေဖြင့် မဟာဗျုဟာခံစစ် အနေအထားမှ မဟာဗျုဟာထိုးစစ်အနေအထားသို့ ပြောင်းလဲဆင်နွှဲနိုင်ခဲ့သည်ဟု ဆိုသည်။