Connect with us

Hi, what are you looking for?

News

ဂန့်ဂေါမှ ရဲတစ်ဦး လက်နက်နှင့်အတူအလင်းဝင်လာ

ရဲတပ်သား အောင်ကျော်လင်းသည် M22 မောင်းပြန်သေနတ်တစ်လက်၊ ကျည်အိမ်အပိုတစ်ခုနှင့် ကျည် (၉၁) ထောင့်တို့ကို တပါတည်းယူဆောင်လာခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - Chinland Defense Force - Kalay Kabaw Gangaw

CDF-KKGမှ တစ်ဆင့် CDMပြုလုပ်သည့် စစ်သားနှင့်ရဲ ရှစ်ဦးအထိရှိလာ

ဂန့်ဂေါမြို့နယ်အတွင်း ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သားတစ်ဦးသည် စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ပြီး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း ချင်းကာကွယ်ရေးတပ်-လေး၊ကဘော်၊ ဂန့်ဂေါ(CDF-KKG) က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ – Chinland Defense Force – Kalay Kabaw Gangaw

လောင်းရှည်နယ်မြေရဲစခန်းမှ ဂန့်ဂေါမြို့တွင် ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား အောင်ကျော်လင်းသည် အာဏာသိမ်းစစ်ကောင်စီ၏ မတရားမှုများကို ဆန့်ကျင်ပြီး လက်နက်အပြည့်အစုံနှင့်တကွ အလင်းဝင်ရောက်လာ၍ ဆုကြေးငွေများ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

ရဲတပ်သား အောင်ကျော်လင်းသည် M22 မောင်းပြန်သေနတ်တစ်လက်၊ ကျည်အိမ်အပိုတစ်ခုနှင့် ကျည် (၉၁) ထောင့်တို့ကို တပါတည်းယူဆောင်လာခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် CDF-KKG မှတစ်ဆင့် CDMပြုလုပ်ပြီး အလင်းဝင်ရောက်လာသည့် စစ်သားနှင့် ရဲ စုစုပေါင်း ရှစ်ဦးထိရှိလာကြောင်း အသိပေးထားသည်။

လက်နက်/ကျည်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသူများကိုသာ လုံခြုံစိတ်ချရသော နယ်မြေသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ပြီးထိုက်သင့်သော ဆုကြေးကိုလည်း ချီးမြှင့်သွားမည် ဖြစ်ကြောင်း CDF-KKG က ထုတ်ပြန်ထားပြီး လက်နက်/ကျည်မပါသူများကို တာဝန်ယူမည် မဟုတ်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သား (၂)ဦး လက်နက်နဲ့ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဘားအံ(ဖားအံ)ခရိုင်က ထုတ်ပြန်ပါတယ်။

Facebook