Connect with us

Hi, what are you looking for?

News

ဂန့်ဂေါမှ ရဲတစ်ဦး လက်နက်နှင့်အတူအလင်းဝင်လာ

ရဲတပ်သား အောင်ကျော်လင်းသည် M22 မောင်းပြန်သေနတ်တစ်လက်၊ ကျည်အိမ်အပိုတစ်ခုနှင့် ကျည် (၉၁) ထောင့်တို့ကို တပါတည်းယူဆောင်လာခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - Chinland Defense Force - Kalay Kabaw Gangaw

CDF-KKGမှ တစ်ဆင့် CDMပြုလုပ်သည့် စစ်သားနှင့်ရဲ ရှစ်ဦးအထိရှိလာ

ဂန့်ဂေါမြို့နယ်အတွင်း ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သားတစ်ဦးသည် စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ပြီး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း ချင်းကာကွယ်ရေးတပ်-လေး၊ကဘော်၊ ဂန့်ဂေါ(CDF-KKG) က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ – Chinland Defense Force – Kalay Kabaw Gangaw

လောင်းရှည်နယ်မြေရဲစခန်းမှ ဂန့်ဂေါမြို့တွင် ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား အောင်ကျော်လင်းသည် အာဏာသိမ်းစစ်ကောင်စီ၏ မတရားမှုများကို ဆန့်ကျင်ပြီး လက်နက်အပြည့်အစုံနှင့်တကွ အလင်းဝင်ရောက်လာ၍ ဆုကြေးငွေများ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

ရဲတပ်သား အောင်ကျော်လင်းသည် M22 မောင်းပြန်သေနတ်တစ်လက်၊ ကျည်အိမ်အပိုတစ်ခုနှင့် ကျည် (၉၁) ထောင့်တို့ကို တပါတည်းယူဆောင်လာခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် CDF-KKG မှတစ်ဆင့် CDMပြုလုပ်ပြီး အလင်းဝင်ရောက်လာသည့် စစ်သားနှင့် ရဲ စုစုပေါင်း ရှစ်ဦးထိရှိလာကြောင်း အသိပေးထားသည်။

လက်နက်/ကျည်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသူများကိုသာ လုံခြုံစိတ်ချရသော နယ်မြေသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ပြီးထိုက်သင့်သော ဆုကြေးကိုလည်း ချီးမြှင့်သွားမည် ဖြစ်ကြောင်း CDF-KKG က ထုတ်ပြန်ထားပြီး လက်နက်/ကျည်မပါသူများကို တာဝန်ယူမည် မဟုတ်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကနေ ဝန်းသိုမြို့နဲ့ ထီးချိုင့်မြို့ကို ထွက်လာတဲ့ စစ်တပ်စစ်ကြောင်း ၂ ကြောင်းလုံး စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီး သေဆုံး၊ အလင်းဝင်သူတွေ အများအပြား ရှိတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲဆက်ဖြစ်နေပြီး စစ်သားအချို့ အလင်းဝင်လာတာရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်ဖွဲ့ဝင်တွေစစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဟု TNLA ပြောရေးဆိုခွင့်ရှိသူငြင်းဆို

သတင်း

အာဏာရှင်စစ်တပ်အောက်က ရုန်းထွက်အလင်းဝင်ကြဖို့ KIA တပ်မှူး တိုက်တွန်း