Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအပြီးတိုင် ပြိုလဲအောင်လုပ်နိုင်ရေး နည်းလမ်း​ပေါင်းစုံဖြင့်အားထုတ်ကြရန် NUG ပြည်ထောင်စုဝန်ကြီး ချုပ်တိုက်တွန်း

အစိုးရအတွက် ရံပုံငွေရှာရန် စိတ်ကူးကောင်းစွာဖြင့် စီမံဆောင်ရွက်နေသည့် စီမံဘဏ္ဍာဝန်ကြီးဌာနကိုလည်း အထူးကျေးဇူးတင်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ယိုင်နဲ့နေပြီဖြစ်သည့် စစ်ကောင်စီကိုအပြီးတိုင် ပြိုလဲသွားအောင်လုပ်နိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် စဉ်းစားအားထုတ်ကြိုးပမ်းကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဝန်ကြီး၊ ဒုဝန်ကြီးများအား တိုက်တွန်းပြောကြားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်း အဝေးကို ယနေ့ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးချုပ်က အထက်ပါအတိုင်းထည့်သွင်း ပြာကြားသည်။

“ကာကွယ်ရေးဝန်ကြီးဌာနဘက်ကလည်း PDF စုဖွဲ့မှုတွေအကြောင်း ကြားသိနေရတာ အလွန်အားတက်စရာဖြစ်ပါတယ်။ အားလုံးရဲ့စုပေါင်းအင်အားတွေနဲ့ ရှေ့ခရီး ကို အတူတကွ ဆက်လျှောက် သွားကြမယ်ဆိုရင် အကြမ်းဖက်စစ်ကောင်စီ ရေရှည်တောင့်ခံနိုင်ဖို့ဆိုတာ မလွယ်တဲ့အခြေအနေဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ​ကောင်စီ (NUCC) နှင့်ပတ်သက်ပြီး ဝန်ကြီးများနှင့် ဒုဝန်ကြီးများ နှစ်ရက်တိုင် ဆွေးနွေးခဲ့သည်ကို သိရကြောင်း ဝန်ကြီး ချုပ်က ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီနွေဦးတော်လှန်ရေးကြီးမှာ တော်လှန်ရေးအင်အားစုတွေအားလုံး ပါဝင်ပေါင်းစပ်ထားတဲ့ NUCCနဲ့ ကျွန်တော်တို့ NUGက ပြည်သူတွေအတွက် အကျိုးများနိုင်မယ့်၊ တော်လှန်ရေးကို အားကောင်းစေနိုင်မယ့် ကိစ္စရပ်တွေကို အတူလက်တွဲပြီး မြန်မြန်ဆန်ဆန် ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင် နိုင်ဖို့ဆိုတာ အင်မတန်အရေးကြီးပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်

လက်ရှိတွင် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ၈ခုဖြင့် ပေါင်းစပ်လုပ်ဆောင်နေပြီးနောက်ပိုင်း ပိုမိုမြန်ဆန်ထိရောက်လာမည်ဟုယုံကြည်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

“ဒါအပြင် တိုင်းရင်းသားမဟာမိတ်တွေ အားလုံးနီးပါးဟာ ဒီတော်လှန်ရေးမှာ အားလုံးအတွေးတူညီစွာနဲ့ ဦးတည်ချက် ခိုင်ခိုင်မာမာ ရှိနေတယ်ဆိုတာနဲ့ မြန်မာနိုင်ငံရဲ့ ဖြစ်တည်နေမှုကို နားလည်မှသာလိုအပ်တဲ့ ကူညီ ထောက်ပံ့မှုတွေ နည်းလမ်းမှန်စွာနဲ့ ရောက်ရှိနိုင်မှာလို့ ဆိုထားပါတယ်”ဟု ၎င်းက ဆိုသည်။

အစိုးရအတွက် ရံပုံငွေရှာရန် စိတ်ကူးကောင်းစွာဖြင့် စီမံဆောင်ရွက်နေသည့် စီမံဘဏ္ဍာဝန်ကြီးဌာနကိုလည်း အထူးကျေးဇူးတင်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook