Connect with us

Hi, what are you looking for?

News

NLDပါတီဝင်နှင့် ပါတီထောက်ခံသူများ ဖမ်းဆီးသတ်ဖြတ်ခံရမှု အကြမ်းဖက်စစ်ကောင်စီပါဝင် ပတ်သက်နေဟု ပါတီဗဟိုအလုပ်ကော်မတီ ထုတ်ပြန်

အဖွဲ့ချုပ်ဥက္ကဌ ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဌ ၁၊ နိုင်ငံ တော်သမ္မတဦးဝင်းမြင့်အပါအဝင် ၇၀၁ ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်ပြီး ပါတီ၀င် ၁၈ ဦး သေဆုံးခဲ့ရသည်။

▪️မေ ၅ ရက်အထိပါတီဝင်နှင့် ပါတီထောက်ခံသူ စုစုပေါင်း ၁၄ဦး သတ်ဖြတ်ခံရပြီး လမ်းဘေးစွန့်ပစ်ခဲ့

NLD ပါတီဝင်များနှင့် ပါတီထောက်ခံသူများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများတွင် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုယ်တိုင်ပါဝင်ပတ်သက်မှုရှိနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။

သွေးသောက်၊ စွန်ရဲ၊ မျိုးချစ်ညွန့်ပေါင်းနှင့် မျိုးချစ်မဟာမိတ်စသည့် အကြမ်းဖက်အဖွဲ့များသည် NLD ပါတီဝင်များ၊ ပါတီအမှုဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ပါတီအားပေးထောက်ခံခဲ့သူများကို ခြိမ်းခြောက်စာများ ပေါ်ပေါ်တင်တင်ဖြန့်ဝေကာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများကို ပြောင်းပြောင်းတင်းတင်းကျူးလွန်ခဲ့သည်ဟု ထုတ်ပြန်သည်။

မေလ ၅ ရက်အထိရရှိထားသော စာရင်းများအရ NLD ပါတီဝင် ၇ ဦးနှင့် ပါတီထောက်ခံသူ ၇ ဦး စုစုပေါင်း ၁၄ ဦးတို့ကို ၎င်းတို့၏နေအိမ်များသို့ လာရောက်ခေါ်ဆောင်ခဲ့ပြီး နောက်တစ်ရက်တွင် အသက်မဲ့ခန္ဓာကိုယ်ကို လမ်းဘေး၌ စွန့်ပစ်ကာ ကျူးလွန်သည့် အဖွဲ့အစည်း၏ အမည်များကို ချိတ်ဆွဲထားခဲ့သည်ဟု NLD က ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

အဆိုပါ လူ့အခွင့်အရေးချိုးဖောက်ခံရမှုစာရင်းများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူ့အခွင့် အရေးချိုးဖောက်ခံရမှုများမှတ်တမ်းကောက်ယူရေးအဖွဲ့ (NLD-HRDT)က ကောက်ယူထားသော စာရင်းဖြစ်ပြီး ပကတိမြေပြင်တွင် ယခုထက်ပိုမိုနိုင်ကြောင်း ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။

NLD-HRDT စာရင်းအရ အာဏာသိမ်းချိန်မှစ၍ မေလ ၅ ရက်အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးခံရသူ ၉၂၆၁ ဦးအနက် NLD ပါတီဝင် ၉၁၇ ဦး ပါဝင်ပြီး ပြန်လည်လွတ်မြောက်လာသူ ၂၁၆ ဦးရှိသည်။

အဖွဲ့ချုပ်ဥက္ကဌ ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဌ ၁၊ နိုင်ငံ တော်သမ္မတဦးဝင်းမြင့်အပါအဝင် ၇၀၁ ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်ပြီး ပါတီ၀င် ၁၈ ဦး သေဆုံးခဲ့ရသည်။

အဖွဲ့ချုပ်ရုံးများကို ဥပဒေမဲ့ချိုးဖောက်ဝင်ရောက်မှု ၁၀၄ ကြိမ် ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး လွှတ်တော်ကိုယ်စားလှယ် ၁၂၀ ဦးအပါအဝင် ပါတီဝင် ၂၀၉ ဦး တို့၏ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများကို ချိတ်ပိတ်ခံခဲ့ရကြောင်း NLD က ထုတ်ပြန်သည်။

ထို့အပြင် NLD ပါတီဝင်မဟုတ်သော ပြည်သူ ၁၄၂ ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကိုလည်း အကြမ်းဖက်စစ်ကောင်စီက ချိတ်ပိတ်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော