Connect with us

Hi, what are you looking for?

News

မင်း​အောင်လှိုင်​၏ အင်းယားလမ်းနေအိမ် နိုင်ငံခြားသားများပင်ဝယ်ယူ​နေဟု NUGဝန်ကြီး​ပြော

ဝယ်ယူသူအားလုံး၏ ၁၀ ရာခိုင်နှုန်းသည် နိုင်ငံခြားသားများဖြစ်ပြီး ၎င်းတို့ထဲတွင် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ပြီး နိုင်ငံခြားသားခံယူထားသူများပါဝင်သလို မြန်မာပြည်ဖွားမဟုတ်သည့် နိုင်ငံခြားသားများပါဝင်သည်ဟုလည်း ဆိုသည်။

▪️ရောင်းချရန်စီစဥ်မှု ငါးရက်အတွင်း ကန်​ဒေါ်လာ ၃သန်း​ကျော် ​ရောင်းရ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရန်ကုန်မြို့ရှိ​နေအိမ်ကို ရှယ်ယာစနစ်ဖြင့် ရောင်းချရာတွင် ငါးရက်အတွင်း အ​မေရိကန်ဒေါ်လာ ၃သန်းကျော်ဖိုး ရောင်းချသွားပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမူဝန်ကြီး ဦးတင်ထွန်းနိုင်က ၎င်း၏လူမူကွန်ရက်တွင် အသိ​ပေး ရေးသားထားသည်။

စတင်ရောင်းချပြီး ငါးရက်မြောက်တွင် ပြည်တွင်း၊ပြည်ပ မှ တခဲနက်ဝယ်ယူအားပေးကြခြင်းဖြစ်ပြီး စုစုပေါင်းရှယ်ယာဝယ်ယူမှု အကြိမ်ရေငါးထောင်ကျော်ရှိနေသည်ဟု ဝန်ကြီးကရေးသားထားသည်။

ဝယ်ယူသူအားလုံး၏ ၁၀ ရာခိုင်နှုန်းသည် နိုင်ငံခြားသားများဖြစ်ပြီး ၎င်းတို့ထဲတွင် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ပြီး နိုင်ငံခြားသားခံယူထားသူများပါဝင်သလို မြန်မာပြည်ဖွားမဟုတ်သည့် နိုင်ငံခြားသားများပါဝင်သည်ဟုလည်း ဆိုသည်။

Public Service Announcement

Public Service Announcement

“အာဏာရှင်ရွံ့မုန်းစိတ်၊ အမှန်တရားကိုချစ်မြတ်နိုးစိတ်ဆိုတာ လူမျိုးဘာသာ၊ အသားအရောင်၊ နိုင်ငံသား၊ လိင်စိတ်ကွဲပြားတိမ်းညွှတ်မှုတွေကို ကျော်လွန်ဖြစ်တည်နေတဲ့ လူသားဆန်မှုအလှတရားတစ်ခုသာ ဖြစ်ပါတယ်။” ဟု ဝန်ကြီးက ရေးသားထားသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် အဓမ္မယူထားသည့် အမှတ် (၁၄)၊ အင်းယားလမ်းရှိ နေအိမ်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရှယ်ယာစနစ်ဖြင့်ရောင်းချနေခြင်းဖြစ်သည်။ ရှယ်ယာတစ်စုကို ကန်ဒေါ်လာ ၁၀၀သတ်မှတ်ထားပြီး အစုရှယ်ယာ တစ်သိန်းသတ်မှတ်ထားခြင်းဖြစ်သည်။

အဆိုပါ ​နေအိမ်ခြံသည် ၁ဒဿမ ၈၆ ဧကကျယ်ဝန်းပြီး ကာလပေါက်ဈေး ကန်ဒေါ်လာသန်း ၃၀ခန့်တန်ကြေးရှိသည်။ ထိုခြံကိုNUGက ဒေါ်လာ ၁၀ သန်းသတ်မှတ်ပြီး အစုရှယ်ယာများရောင်းချနေခြင်း ဖြစ်သည်။

စစ်အာဏာရှင်ပြုတ်ကျပြီးသည့် အချိန်တွင် အဆိုပါခြံနှင့်အိမ်ကို လေလံစနစ်ဖြင့်ရောင်းချပြီး လက်ရှိဝယ်ယူထားသူများကို အကျိူးအမြတ်ပြန်လည်ခွဲပေးသွားမည်ဖြစ်သည်ဟု NUGက ဆိုထားသည်။

ထို့အပြင် စစ်ခေါင်းဆောင်နှင့် ၎င်းတို့မိသားစုပိုင်ဆိုင်သည့် မြေနှင့်အခြားပိုင်ဆိုင်မူများကို NUGက ဆက်လက်ရောင်းချသွားရန်လည်းရှိသည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းမှာကိုယ်ပိုင်သင်္ချိုင်းနေရာရချင်နေတဲ့နိုင်ငံခြားသားတွေကိုယ့်နိုင်ငံကိုယ်ပြန်သေကြလို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။