Connect with us

Hi, what are you looking for?

News

ကရင်နီဒေသသို့ မသွားရဲသည့်စစ်ကောင်စီတပ်က ဓနုဒေသ၌ တိုက်ပွဲအတုများ ဖန်တီးနေဟုဆို

“ရှမ်းတောင်နဲ့ ကရင်နီက လက်တစ်ကမ်းပဲရှိတယ်။ စစ်ခွေးတွေက ကရင်နီကို ကြောက်ပြီး သွားရမှာစိုးလို့ ဓနုမှာလာမွှေနေတာ။ ဒါကို ဒေသခံတွေအားလုံး သိတယ်”ဟု ရွာငံမြို့မှ အမျိုးသားတစ်ဦးက ပြောသည်။

(ဓနုဒေသမှ အရပ်သားနေအိမ်များကို စစ်ကောင်စီမီးရှို့ဖျက်ဆီးထားသည့်မြင်ကွင်း)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လက်စွမ်းပြနေသည့် ကရင်နီဒေသကို အပို့ခံရမည်စိုး၍ ဓနုဒေသရောက် စစ်ကောင်စီတပ်သည်တိုက်ပွဲအတုများ ဖန်တီးနေသည်ဟု ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ရွာငံနှင့် ပင်းတယမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီသည် လတ်တလောတွင် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တိုက်ပွဲအတုများ ဖန်တီးနေသည်ဟု ဒေသခံများက People’s Spring သို့ပြောသည်။

” ဓနုမှာ အခုလက်ရှိ အ​ခြေအနေတည်ငြိမ်နေတာပါ။ ဒါပေမယ့် စစ်တပ်က နေ့တိုင်း လက်နက် ကြီးတွေ ပစ်ခတ်တယ်။ ရွာတွေထဲဝင်တယ်။ အရပ်သားတွေကို PDFလို့ စွပ်စွဲပြီး ဖမ်းတယ်။ တပ်တွင်းကနေ ပြန်ကြားရတာတော့ အရာရှိတွေဟာ ကရင်နီကို သွားရမှာစိုးလို့ တမင်လုပ်နေတာလို့ ပြန်သိရတယ်”ဟု ရွာငံမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

“ရှမ်းတောင်နဲ့ ကရင်နီက လက်တစ်ကမ်းပဲရှိတယ်။ စစ်ခွေးတွေက ကရင်နီကို ကြောက်ပြီး သွားရမှာစိုးလို့ ဓနုမှာလာမွှေနေတာ။ ဒါကို ဒေသခံတွေအားလုံး သိတယ်”ဟု ရွာငံမြို့မှ အမျိုးသားတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ဓနုဒေသ၌ တိုက်ပွဲအတုများဖန်တီးနေခြင်းသည် တစ်ရက်ထက်တစ်ရက် အခြေအနေပိုဆိုးလာနေသည်ဟု ဒေသတွင်း တော်လှန်ရေးသတင်းများ ထုတ်ပြန်ပေးနေသည့် Voice of Pindaya က ဖော်ပြထားသည်။

” ကယားကိုမသွားချင်တော့ ရွာငံမြို့နယ်မှာ ရွာတွေကိုမီးရှိူ့ ၊တွေ့တဲ့ရွာသားကို PDF လို့စွတ်စွဲသတ်​ဖြတ်၊ မငြိမ်သက်နေသယောင်ယောင်ဖန်တီး ဒုက္ခပေး​​ပြီးအချိန် ဆွဲ နေတယ်”ဟု ဒေသခံတစ်ဦး၏ ပြောစကားကို ကိုးကား၍ Voice of Pindaya က ထုတ်​ပြန်ထားသည်။

စစ်ကောင်စီသည် ဓနုဒေသတွင် အမှန်တကယ်တိုက်ပွဲမရှိဘဲ တိုက်ပွဲအတုဖန်တီးနေသည်မှာ တစ်လခန့်ကြာမြင့်နေပြီဟုလည်း ဒေသတွင်းအခြေအနေကို Voice of Pindaya က အသိပေးထားသည်။

” မတ်လနဲ့ ဧပြီလထဲမှာ ဓနုဒေသ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက စစ်ခွေးတွေကို ပြောက်ကျားတိုက်ခိုက်ခဲ့သေးတယ်။ အဲ့ဒီနောက်ပိုင်းကတည်းက အရပ်သားတွေကို အညိုးတကြီး လုပ်ကြံဖမ်းဆီးတယ်။ အိမ်တွေကို မီးရှို့တယ်။ အခုထိကို ဆက်လုပ်နေတုန်းပဲ။ တကယ်တမ်းကတော့ စစ်ကောင်စီက ဓနုဒေသမှာ အနေချောင်အစားချောင်လာနေတာ။ ကရင်နီကို မသွားရရင်ပြီးရောဆိုပြီး ယုတ်မာနေတာ”ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ထံတွင် စစ်ပညာသင်နေသည့် ဓနုဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် နယ်မြေချင်းထိစပ်နေသော ကရင်နီဒေသသည် စစ်ကောင်စီဆန့်ကျင်တော်လှန်ရေး အားကောင်းသည့်ဒေသဖြစ်ပြီး လတ်တလောတွင်လည်း စစ်ကောင်စီ အထိနာနေသည့် ဒေသဖြစ်သည်။

လက်ရှိ မေလအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်က အရာရှိအချို့အပါအဝင် တပ်ဖွဲ့ဝင်အများအပြားသည် ကရင်နီဒေသပြည်သူကာကွယ်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်။စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်း အရှင်အဖမ်းခံထားသလို တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။