Connect with us

Hi, what are you looking for?

News

ကလေးမြို့တွင် စစ်အုပ်စုရှိရာ နေရာသုံးခုတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ခုနစ်ဦးသေ

တောင်ဖီလာရပ်ကွက်၊ လေးထပ်ဆောင်ဝန်ထမ်းအိမ်ယာတွင် တပ်စွဲထားသည် စစ်ကောင်စီတပ်ကို CNDFက ယမနန်နေ့ ည ၈နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးခဲ့သည်။

ကလေးမြို့တွင် ဒေသခံကာကွယ်ရေးတပ်များက ယမန့်နေ့(မေလ ၁၀ရက်)က တိုက်ပွဲသုံးခုဖော်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ခုနစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးများက ထုတ်ပြန်သည်။

ကလေးမြို့ တောင်ဖီလာရပ်ကွက်၊ စမ်းမြို့ရပ်ကွက်နှင့် တာဟန်းရပ်ကွက်တို့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထုတ်ပြန်ထားသည်။

တောင်ဖီလာရပ်ကွက်၊ လေးထပ်ဆောင်ဝန်ထမ်းအိမ်ယာတွင် တပ်စွဲထားသည် စစ်ကောင်စီတပ်ကို CNDFက ယမနန်နေ့ ည ၈နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးခဲ့သည်။

Public Service Announcement

စမ်းမြို့ရပ်ကွက်မူးယစ်ရုံးကို ဒေသကာကွယ်ရေးပူပေါင်းတပ်ဖွဲ့ ဖြစ်သည့် CNDF၊ PDF-Kalay၊ CSSနှင့် GRF တို့က ယမန့်နေည ၁၀နာရီခန့်တွင် နာရီဝက်ခန့်ဝင်ရောက်ပတ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကလေးမြို့ တာဟန်းရပ်ကွက်ရှိ နေကြာတိုက်အနီးကင်းစောင့်နေသည့် စစ်ကောင်စီတပ်များကို CNDF၊ PDF-Kalay၊ CSSနှင့် GRF ပူးပေါင်းတပ်ဖွဲ့များက စစ်ကြောင်းခွဲ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်စီတပ်သား နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ထိုတိုက်ပွဲများတွင် ဒေသခံကာကွယ်ရေးတပ်များက အထိအခိုက်မရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

“မနေ့ညက သေနတ်သံတွေကြားရတော့ ကြောက်လန့်နေတာ။ မနက်ကျ ဒီကောင်တွေ သေတယ်ကြားရတော့ ညကကြောက်တာတွေပျောက်သွားတယ်”ဟု ကလေးမြို့ခံတစ်ဦးကပြေ ာသည်။

လက်ရှိတွင် ကလေးမြို့တွင်း တိုက်ပွဲများ နေ့စဥ်ဆက်တိုက်ဖြစ်နေဆဲဖြစ်ကြောင်း PDF(ကလေး) တာဝန်ရှိသူက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook