Connect with us

Hi, what are you looking for?

News

ရှမ်းတောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခုနစ်ဖွဲ့ပေါင်းပြီး မဟာမိတ်တပ်ပေါင်းစုဖွဲ့စည်း

မဟာမိတ်တပ်ပေါင်းစုအနေဖြင့် တော်လှန်ရေးအရှိန်မြှင့်ရန် အချင်းချင်းပူးပေါင်းချိတ်ဆောင် ရွက်သွားမည်ဖြစ်ကာ ရှမ်းပြည်တောင်ပိုင်းနှင့် ရှမ်းပြည်တစ်ဝှမ်းလုံးရှိ စစ်ကောင်စီနှင့် ၎င်း၏ ထောင်တိုင်များ၊ PNO/PNA အုပ်ချုပ်ရေးရုံးနှင့် ထွေအုပ်ရုံးများကို အဓိကထားရှင်းလင်းမည်ဟု သတိပေးသည်။

စစ်ကောင်စီနှင့်ထောင်တိုင်များ၊ PNO/PNA အုပ်ချုပ်ရေးရုံးနှင့် ထွေအုပ်ရုံးများကို အဓိကထားရှင်းလင်းမည်ဟု သတိပေး

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခုနစ်ဖွဲ့ပူးပေါင်းပြီး မဟာမိတ်တပ်ပေါင်းစုအဖြစ်ဖွဲ့စည်းလိုက်ကြောင်း တောင်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(မေ လ၁၃)ထုတ်ပြန်သည်။

တပ်ပေါင်းစုအဖြစ်ဖွဲ့စည်းလိုက်သော ကာကွယ်ရေးတပ်များမှာ Taunggyi People Defense Force ၊ Ye-Ngan Urban Guerrillas ၊ Urban Task Force-Aung Ban ၊ Ywa Ngan People Defense Force ၊ Red Ants Guerrillas Force ၊ DaNu People Defense Force နှင့် Pa O National Defense Force တို့ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မဟာမိတ်တပ်ပေါင်းစုအနေဖြင့် တော်လှန်ရေးအရှိန်မြှင့်ရန် အချင်းချင်းပူးပေါင်းချိတ်ဆောင် ရွက်သွားမည်ဖြစ်ကာ ရှမ်းပြည်တောင်ပိုင်းနှင့် ရှမ်းပြည်တစ်ဝှမ်းလုံးရှိ စစ်ကောင်စီနှင့် ၎င်း၏ ထောင်တိုင်များ၊ PNO/PNA အုပ်ချုပ်ရေးရုံးနှင့် ထွေအုပ်ရုံးများကို အဓိကထားရှင်းလင်းမည်ဟု သတိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ရှမ်းပြည်တောင်ပိုင်းနှင့် ရှမ်းပြည်တစ်ဝှမ်းလုံးရှိအဖွဲ့အစည်းများအား မဟာမိတ်ဖွဲ့စည်းရန် ဖိတ်ခေါ်ထားပြီး အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ မဖောက်ပြန်ဘဲ တိုက်ခိုက်ခြေမှုန်းသွားမည်ဟု သဓိဌာန်ပြုထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ မိုးကြီးပြီး လူထိခိုက်သေဆုံးစေတဲ့အထိ မြေပြိုမှုတွေစတင်ကြုံတွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်ဒေသက တော်လှန်ရေးတပ်တွေ စုစည်းပြီး အမှတ် (၁)အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်) တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းသတ်မှတ်လိုက်ပါတယ်။