Connect with us

Hi, what are you looking for?

News

NUGနှင့် မလေးရှား နိုင်ငံခြားရေးဝန်ကြီးတို့ ဝါရှင်တန်၌ လူချင်းတွေ့ဆုံ

ဝါရှင်တန်သို့ ရောက်ရှိနေသော အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့ လူချင်း ယနေ့တွေ့ဆုံခဲ့ပြီး မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေး ဆက်လက်လုပ်ဆောင်ရန် မလေးရှားက အသင့်ရှိ​ကြောင်း ထည့်သွင်းဆွေးနွေးသည်။

▪️မြန်မာပြည်သူများနှင့် အတူရပ်တည်ပြီး ဆက်လက်ကူညီထောက်ပံ့မည်ဟု မလေးရှားကတိပြု

မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာရပ်တည်ပြီး ကူညီထောက်ပံ့မှုများဆက်လက်ပေးမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ကတိပြုပြောကြားသည်။

ဝါရှင်တန်သို့ ရောက်ရှိနေသော အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့ လူချင်း ယနေ့တွေ့ဆုံခဲ့ပြီး မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေး ဆက်လက်လုပ်ဆောင်ရန် မလေးရှားက အသင့်ရှိ​ကြောင်း ထည့်သွင်းဆွေးနွေးသည်။

တွေ့ဆုံစဥ် မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး မြန်မာဒုက္ခသည်များအတွက် လူသားချင်းစာနာမှုအကူအညီ၊ နည်းပညာသင်တန်းနှင့် ပညာရေး အပါအဝင် NUG ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဝန်ကြီးဒေါ်ဇင်မာအောင်က မျှဝေခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ လူမှုကွန်ရက်၌ ရေးသားထားသည်။

Public Service Announcement

Public Service Announcement

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် အမေရိကန်-အာဆီယံထိပ်သီးညီလာခံကျင်းပနေချိန်တွင် ဝါရှင်တန်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဝင်ဒီရှားမန်း၊ သမ္မတဂျိုးဘိုင်ဒန်၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး၊ အာဆီယံဝန်ကြီးအချို့နှင့် လူချင်းတွေ့ဆုံဆွေးနွေးခဲ့သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် အာဆီယံအနေဖြင့် NUG ၊ NUCCအပါအဝင် ပါဝင်သင့်သူများနှင့် ထိတွေ့ဆက်ဆံရန် အဆိုပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

Facebook