Connect with us

Hi, what are you looking for?

News

ဒရုန်းပစ်ကူများ၊ တာဝေးပစ်ကူများဖြင့် မြို့နယ်တပ်ပေါင်းစုအသွင်ပုံဖော်ခဲ့သည့် အရာတော်နယ်က တိုက်ပွဲ

တိုက်ပွဲအတွင်း တပ်ပေါင်းစုရဲဘော်အားလုံးဘေးကင်းပြီး ရန်သူစစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေကိုမှု အတည်မပြုနိုင်သေးပေ။

(တိုက်ပွဲဖြစ်ပွားရာ ဝက်ပြစ်ကျေးရွာအား မြင်တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပြီး ဒရုန်းပစ်ကူများ၊ တာဝေးပစ်ကူများဖြင့် မြို့နယ်တပ်ပေါင်းစုအသွင်ညီညွတ်စွာ တိုက်ပွဲပုံဖော်နိုင်ခဲ့ကြောင်း အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်မှာ အရာတော်မြောက်နယ်၊ နောင်ကြီးအိုင်ရဲစခန်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်များထဲမှ ခြေလျင်စစ်ကြောင်းတစ်ဖွဲ့သည် ဝက်ပြစ်ကျေးရွာ အနောက်ဖက်၊ ဘုန်းကြီး ကျောင်းတွင် လာရောက်စခန်းချစဉ် ယမန်နေ့(မေ ၁၄ ရက်) ညနေ ၅နာရီခန့်တွင် အရာတော်မြို့နယ်တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲက တစ်နာရီလောက်ကြာတယ်။ တာဝေးပစ်တွေနဲ့ ပစ်ခတ်ခဲ့သလို၊ (ပကဖ)ကလည်း ဒရုန်းပစ်ကူပေးခဲ့တယ်။ ဗီဒီယိုဖိုင်ရှိတယ် အင်တာနက်လိုင်းဖြတ်ထားတော့ တင်ဖို့အခက်အခဲရှိနေလို့ပါ”ဟု အရာတော်မြို့နယ်တော်လှန်ရေးအင်အားစုမှ ဗိုလ်ပေါက်စီက People’s Springသို့ ပြောသည်။

တိုက်ပွဲအတွင်း တပ်ပေါင်းစုရဲဘော်အားလုံးဘေးကင်းပြီး ရန်သူစစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေကိုမှု အတည်မပြုနိုင်သေးပေ။

Public Service Announcement

Public Service Announcement

ယခုလ ၂ ရက်ကစ၍ အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် အရာတော် – မြင်းမူ ဒေသအစပ် ကန်ရင်းကျေးရွာသို့ ဝင်ရောက်ပြီးနောက် မလဲသာနှင့် ညောင်ပင်သာရွားကိုကျေးရွာလုံးကျွတ်မီးရှို့ခဲ့သည်။

ထို့နောက် ချင်ပင်ကျေးရွာကို မေလ၇ ရက်က မီးရှို့ခဲ့ပြီး ဒေသခံကာကွယ်ရေး ရဲဘော် ခြောက်ဦးဖမ်းဆီးခံရကာ ဒေသခံပြည်သူ ၃၀ ခန့်ကို လူသားဒိုင်းအဖြစ် အသုံးပြုခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။