Connect with us

Hi, what are you looking for?

News

ဖယ်ခုံမြို့နယ် အ​ရှေ့ဘက်ခြမ်းတွင် တိုက်ပွဲပြင်းထန်​နေ

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများ ပြားပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့မှလည်း ထိခိုက်ကျဆုံးသူအချို့ရှိသည်ဟု ကြားသိရသော်လည်း KNDFထံ သီး ခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။

ရှမ်း – ကရင်နီ(ကယား)ပြည်နယ်ဒေသအစပ် ဖယ်ခုံ​မြို့ နယ်၊ အရှေ့ဘက်ခြမ်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေယာဥ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖယ်ခုံဇုန်က ထုတ်ပြန်သည်။

“မနက် ၈နာရီကတည်းက ညောင်ရွှေဘက်ကနေ
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူး ပေါင်းအဖွဲ့ကို တိုက်နေတာ။နေ့လယ်ဘက်မှာ စစ်တပ်ဘက်ကတော့ တိုက်လေယာဥ်ရော၊Mi 35 ပါတွဲသုံး တယ်လို့ လတ်တလောသိရတယ်”ဟု ကရင်နီတပ်ဖွဲ့မှ သတင်းရင်းမြစ်က People’s Springသို့ ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများ ပြားပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့မှလည်း ထိခိုက်ကျဆုံးသူအချို့ရှိသည်ဟု ကြားသိရသော်လည်း KNDFထံ သီး ခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။

ယခုလ ၁၂ ရက်က ညောင်ရွှေမြို့နယ် ထီရိကျေးရွာတွင်စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့ တပ်စွဲထားသည့် နေရာအားတိုက်ခိုက်ခံရမှုကြောင့် စစ်တပ်မှအင်အားအလုံးအရင်းဖြင့် တန်ပြန်စစ်ထိုးနေခြင်းဟု အထက်ပါသတင်းရင်းမြစ်က ခန့်မှန်းသည်။

Public Service Announcement

Public Service Announcement

ထီရိကျေးရွာတွင် တပ်မ(၅၅)လက်အောက်ခံ ခမရ(၁၈) တပ်နှင့်PNO အဖွဲ့ကို ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ် တပ်ရင်း(၂)နှင့် KNDF တပ်ရင်း(၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲတွင် လက်နက်ခဲယမ်းများသိမ်းဆည်းရမိကာဗိုလ်မှူးအဆင့်အပါအဝင် စစ်ကောင်စီတပ်သား၁၅ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးနှင့် PNO ပြည်သူ့ စစ်တပ်သား သုံးဦးကို ဖမ်းမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။