Connect with us

Hi, what are you looking for?

News

KNU နယ်မြေထဲက စာသင်ကျောင်းတွေမှာ ပညာလာသင်တဲ့ ကျောင်းသား၊ ကျောင်းသူအရေအတွက် နှစ်ဆလောက်တက်လာ

ကျောင်းသားတွေဟာ စစ်ကောင်စီလက်အောက်ခံ ကျောင်းတွေမှာ မတက်ရဲကြတော့တာကြောင့် နယ်စပ်မှာရှိတဲ့ ကရင်အမျိုးသမီးအစည်းအရုံးဖွင့်လှစ်ထားတဲ့ အဆောင်တွေမှာ လာရောက်နေထိုင်ပြီး ကေအဲန်ယူရဲ့ KECD အောက်က ကျောင်းတွေမှာ လာရောက်ပညာသင်ကြားနေရတာဖြစ်ပါတယ်။

ကေအဲန်ယူရဲ့ ကော်သူးလေ ပညာရေးနဲ့ ယဉ်ကျေးမှုဌာန(KECD)အောက်က စာသင်ကျောင်းတွေမှာ ပညာလာရောက်သင်ကြားမယ့် ကျောင်းသားဦးရေတွေဟာ အရင်နှစ်တွေကထက် ပိုမိုများပြားလာပြီး နယ်စပ်မှာရှိတဲ့ KWO ဘော်ဒါဆောင်မှာ ကျောင်းသားအရေအတွက် ပိုမိုများပြားလာတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး(KWO)ရဲ့ ပြောခွင့်ရသူ နော်စေးစေးဟဲက ပြောပါတယ်။

ကျောင်းသားတွေဟာ စစ်ကောင်စီလက်အောက်ခံ ကျောင်းတွေမှာ မတက်ရဲကြတော့တာကြောင့် နယ်စပ်မှာရှိတဲ့ ကရင်အမျိုးသမီးအစည်းအရုံးဖွင့်လှစ်ထားတဲ့ အဆောင်တွေမှာ လာရောက်နေထိုင်ပြီး ကေအဲန်ယူရဲ့ KECD အောက်က ကျောင်းတွေမှာ လာရောက်ပညာသင်ကြားနေရတာဖြစ်ပါတယ်။

နယ်စပ်မှာရှိတဲ့ ကရင်အမျိုးသမီးအစည်းအရုံး KWO ရဲ့ ဘော်ဒါဆောင်တွေမှာ အရင်နှစ်တွေက ကျောင်းသားဦးရေ ၁၅၀ ဝန်းကျင်သာရှိခဲ့ပြီး အခုနှစ်ထဲမှာတော့ ကျောင်းသားဦးရေ ၃၀၀ အထိ များပြားလာတာဖြစ်ကာ ကျောင်းသားတွေရဲ့ စားဝတ်နေရေးနဲ့ ကျောင်းစရိတ်တွေရဲ့ ရှာဖွေမှုပိုင်းမှာ အခက်အခဲတွေရှိနေတယ်လို့ နော်စေးစေးဟဲက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ကျေးရွာတွေအပေါ် လက်နက်ကြီးပစ်ခတ်တာကြောင့် နယ်မြေလုံခြုံမှုမရှိတဲ့အတွက် ပြည်တွင်းကကျောင်းတွေမှာ ကျောင်းမထားကြသလို ကုန်ကျစရိတ်များပြားမှုနဲ့ စားဝတ်နေရေးအခြေအနေတွေကြောင့် မိဘဖြစ်သူတွေဟာ ကျောင်းသားတွေကို ကေအဲန်ယူထိန်းချုပ်ထားတဲ့ ကျောင်းတွေမှာ လာရောက်ထားရှိမှု ပိုမိုများပြားလာရတာဖြစ်တယ်လို့ နော်စေးစေးဟဲက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“အရင်တုန်းက ဘော်ဒါဆောင်မှာ ကလေးတွေက ၁၅၀ လောက်ပဲရှိမယ်။ အခုက ၃၀၀ ဝန်းကျင်လောက်ရှိတယ် လူဦးရေက တဝက်တဝက်တောင်များလာတယ်ပေါ့နော်။ တချို့လူတွေက မိဘက တောအရပ်မှာနေတယ်မလား အခုနေရပ်တွေအားလုံးက လက်နက်ကြီးကျတဲ့နေရာတွေဆိုတော့ သူတို့မသွားရဲကြတော့ဘူး” လို့ နော်စေးစေးဟဲက ဆိုပါတယ်။

အခုပညာသင်နှစ်အတွင်း ကေအဲန်ယူကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားမယ့် ကျောင်းသားဦးရေဟာ အရင်နှစ်ကထက်ပိုမိုများပြားလာတာကြောင့် ကျောင်းတက်ရမယ့် ကျောင်းသားတွေအတွက် ကူညီပေးချင်တဲ့အဖွဲ့အစည်းတွေအနေနဲ့ ကရင်အမျိုးသမီးအစည်းအရုံး KWO ကို ဆက်သွယ်ကူညီလို့ရပြီး ဒါဟာ ပညာသင်ကြားမယ့်ကျောင်းသားတွေအတွက် အနာဂတ်ကောင်းဖို့အတွက်ဖြစ်တယ်လို့ နော်စေးစေးဟဲက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အုပ်ချုပ်ရေးယန္တရားခိုင်မာရေးနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာတွေ ဆွေးနွေး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အသက် ၇၈နှစ်အရွယ် အဘွားအို သေဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြိုနယ် ပလောက်မြို့ရှိ စစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ တည်ရှိနေတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုကို တပ်အပြောင်းအလဲလုပ်ဖို့ စစ်ကြောင်းဝင်လာတဲ့ စစ်တပ်နဲ့ KNU တပ်တို့ ရက်ပိုင်းအကြာ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုအချို့ ရှိခဲ့တယ်လို့ သိရပါတယ်။