Connect with us

Hi, what are you looking for?

News

KNU နယ်မြေထဲက စာသင်ကျောင်းတွေမှာ ပညာလာသင်တဲ့ ကျောင်းသား၊ ကျောင်းသူအရေအတွက် နှစ်ဆလောက်တက်လာ

ကျောင်းသားတွေဟာ စစ်ကောင်စီလက်အောက်ခံ ကျောင်းတွေမှာ မတက်ရဲကြတော့တာကြောင့် နယ်စပ်မှာရှိတဲ့ ကရင်အမျိုးသမီးအစည်းအရုံးဖွင့်လှစ်ထားတဲ့ အဆောင်တွေမှာ လာရောက်နေထိုင်ပြီး ကေအဲန်ယူရဲ့ KECD အောက်က ကျောင်းတွေမှာ လာရောက်ပညာသင်ကြားနေရတာဖြစ်ပါတယ်။

ကေအဲန်ယူရဲ့ ကော်သူးလေ ပညာရေးနဲ့ ယဉ်ကျေးမှုဌာန(KECD)အောက်က စာသင်ကျောင်းတွေမှာ ပညာလာရောက်သင်ကြားမယ့် ကျောင်းသားဦးရေတွေဟာ အရင်နှစ်တွေကထက် ပိုမိုများပြားလာပြီး နယ်စပ်မှာရှိတဲ့ KWO ဘော်ဒါဆောင်မှာ ကျောင်းသားအရေအတွက် ပိုမိုများပြားလာတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး(KWO)ရဲ့ ပြောခွင့်ရသူ နော်စေးစေးဟဲက ပြောပါတယ်။

ကျောင်းသားတွေဟာ စစ်ကောင်စီလက်အောက်ခံ ကျောင်းတွေမှာ မတက်ရဲကြတော့တာကြောင့် နယ်စပ်မှာရှိတဲ့ ကရင်အမျိုးသမီးအစည်းအရုံးဖွင့်လှစ်ထားတဲ့ အဆောင်တွေမှာ လာရောက်နေထိုင်ပြီး ကေအဲန်ယူရဲ့ KECD အောက်က ကျောင်းတွေမှာ လာရောက်ပညာသင်ကြားနေရတာဖြစ်ပါတယ်။

နယ်စပ်မှာရှိတဲ့ ကရင်အမျိုးသမီးအစည်းအရုံး KWO ရဲ့ ဘော်ဒါဆောင်တွေမှာ အရင်နှစ်တွေက ကျောင်းသားဦးရေ ၁၅၀ ဝန်းကျင်သာရှိခဲ့ပြီး အခုနှစ်ထဲမှာတော့ ကျောင်းသားဦးရေ ၃၀၀ အထိ များပြားလာတာဖြစ်ကာ ကျောင်းသားတွေရဲ့ စားဝတ်နေရေးနဲ့ ကျောင်းစရိတ်တွေရဲ့ ရှာဖွေမှုပိုင်းမှာ အခက်အခဲတွေရှိနေတယ်လို့ နော်စေးစေးဟဲက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ကျေးရွာတွေအပေါ် လက်နက်ကြီးပစ်ခတ်တာကြောင့် နယ်မြေလုံခြုံမှုမရှိတဲ့အတွက် ပြည်တွင်းကကျောင်းတွေမှာ ကျောင်းမထားကြသလို ကုန်ကျစရိတ်များပြားမှုနဲ့ စားဝတ်နေရေးအခြေအနေတွေကြောင့် မိဘဖြစ်သူတွေဟာ ကျောင်းသားတွေကို ကေအဲန်ယူထိန်းချုပ်ထားတဲ့ ကျောင်းတွေမှာ လာရောက်ထားရှိမှု ပိုမိုများပြားလာရတာဖြစ်တယ်လို့ နော်စေးစေးဟဲက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“အရင်တုန်းက ဘော်ဒါဆောင်မှာ ကလေးတွေက ၁၅၀ လောက်ပဲရှိမယ်။ အခုက ၃၀၀ ဝန်းကျင်လောက်ရှိတယ် လူဦးရေက တဝက်တဝက်တောင်များလာတယ်ပေါ့နော်။ တချို့လူတွေက မိဘက တောအရပ်မှာနေတယ်မလား အခုနေရပ်တွေအားလုံးက လက်နက်ကြီးကျတဲ့နေရာတွေဆိုတော့ သူတို့မသွားရဲကြတော့ဘူး” လို့ နော်စေးစေးဟဲက ဆိုပါတယ်။

အခုပညာသင်နှစ်အတွင်း ကေအဲန်ယူကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားမယ့် ကျောင်းသားဦးရေဟာ အရင်နှစ်ကထက်ပိုမိုများပြားလာတာကြောင့် ကျောင်းတက်ရမယ့် ကျောင်းသားတွေအတွက် ကူညီပေးချင်တဲ့အဖွဲ့အစည်းတွေအနေနဲ့ ကရင်အမျိုးသမီးအစည်းအရုံး KWO ကို ဆက်သွယ်ကူညီလို့ရပြီး ဒါဟာ ပညာသင်ကြားမယ့်ကျောင်းသားတွေအတွက် အနာဂတ်ကောင်းဖို့အတွက်ဖြစ်တယ်လို့ နော်စေးစေးဟဲက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အဟာရပြည့်​အောင်​ကြွေးရမယ့်ညွန်ကြားပြီးဘက်ဂျက်​မ​ပေးလို့ အသားကျွေးဖို့ ကျောင်းသားမိဘတွေဆီကပိုက်ဆံကောက်

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။