Connect with us

Hi, what are you looking for?

News

NUG နိုင်ငံခြားရေးဝန်ကြီးကိုအထက်လွှတ်တော် ဝါရင့်အမတ် ကွန်ဂရက်၌ လက်ခံတွေ့ဆုံ

ဝါရင့်အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ်သည် မြန်မာ့အရေးကို နှစ်ပေါင်း ၃၀ ကျော် စိတ်ဝင်တစားအားပေးထောက်ခံသူဖြစ်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ပုဂ္ဂိုလ်ရေးရင်းနှီးသူဖြစ်သည်။

အမေရိကန်အထက်လွှတ်တော်အမတ်၊ ရီပက်ဗလစ်ကန်ခေါင်းဆောင် မစ်ချ်မက်ကောနဲလ်သည် NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကိုကွန်ဂရက်၌အဂါ်နေ့(​မေ၁၇) တွင် လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အာဏာသိမ်းစစ်ကောင်စီ၏ဖိနှိပ်မှုအပေါ် မြန်မာ့ဒီမိုကရေစီအရေးရုန်းကန်ရမှု နှင့် အမေရိကန်နှင့် ကမ္ဘာတဝန်းရှိလွတ်လပ်သော မိတ်ဆွေနိုင်ငံများ၏ ဆက်လက်အားပေးထောက်ခံမှုအရေးပါခြင်းတို့ကို ဆွေးနွေးခဲ့ကြောင်း မစ်ချ်မက်ကောနဲလ်က ၎င်း၏တွစ်တာမှ အသိပေး ထုတ်ပြန်သည်။

ဝါရင့်အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ်သည် မြန်မာ့အရေးကို နှစ်ပေါင်း ၃၀ ကျော် စိတ်ဝင်တစားအားပေးထောက်ခံသူဖြစ်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ပုဂ္ဂိုလ်ရေးရင်းနှီးသူဖြစ်သည်။

မြန်မာ့​နွေဦး​တော်လှန်​ရေးအတွက် စစ်​ဘေး​ရှောင်ပြည်သူများ၊CDM လှုပ်ရှားသူများ၊ ဒီမိုက​ရေစီ ပြန်လည်ရရှိ​ရေး ကြိုပမ်းလှုပ်ရှားမှု စသည်တို့အတွက် အ​မေရီကန်​ဒေါ်လာ သန်း၁၀၀ ​ကျော်အကူအညီ​ပေးနိုင်ရန် NDAA ဥပ​ဒေတွင်ဦး​ဆောင်ထည့်သွင်း​ပေးခဲ့သူလည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဝါရှင်တန်သို့ရောက်ရှိနေသော အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် အမေရိကန်အစိုးရထိပ်တန်းတာဝန်ရှိသူများ၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံကာ မြန်မာ့အရေးကို ဆွေးနွေးခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီကမူ အမေရိကန်အစိုးရတာဝန်ရှိသူများက NUG ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခြင်းအပေါ် အပြင်းအထန် ကန့်ကွက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

သတင်း

‎စစ်အာဏာရှင်တော်လှန်ရေးမှာစစ်ရေးတာဝန်တွေစွမ်းစွမ်းတမံထမ်း‌ဆောင်ခဲ့တဲ့ PDFနဲ့ မဟာမိတ်တပ်တွေထဲက တော်လှန်‌ရဲဘော် ၁၈၀၀ နီးပါးကို စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ဂုဏ်ပြုချီးမြှင့်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဥက္ကဋ္ဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အပြင် အခြားသောစစ်လက်နက်ပစ္စည်းဝယ်ယူရေး၊ ထုတ်လုပ်ရေး၊ ရိက္ခာနဲ့ ဆေးဝါး၊ လေ့ကျင့်ရေး၊ စစ်ဆင်ရေးနဲ့ မဟာမိတ်မျှဝေမှုတွေကို ပြည်ထောင်စုရန်ပုံငွေမှ ရရှိသော ရန်ပုံငွေများမှ မျှဝေသုံးစွဲလျက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။