Connect with us

Hi, what are you looking for?

LuduNwayOo

News

NUG နိုင်ငံခြားရေးဝန်ကြီးကိုအထက်လွှတ်တော် ဝါရင့်အမတ် ကွန်ဂရက်၌ လက်ခံတွေ့ဆုံ

ဝါရင့်အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ်သည် မြန်မာ့အရေးကို နှစ်ပေါင်း ၃၀ ကျော် စိတ်ဝင်တစားအားပေးထောက်ခံသူဖြစ်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ပုဂ္ဂိုလ်ရေးရင်းနှီးသူဖြစ်သည်။

အမေရိကန်အထက်လွှတ်တော်အမတ်၊ ရီပက်ဗလစ်ကန်ခေါင်းဆောင် မစ်ချ်မက်ကောနဲလ်သည် NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကိုကွန်ဂရက်၌အဂါ်နေ့(​မေ၁၇) တွင် လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အာဏာသိမ်းစစ်ကောင်စီ၏ဖိနှိပ်မှုအပေါ် မြန်မာ့ဒီမိုကရေစီအရေးရုန်းကန်ရမှု နှင့် အမေရိကန်နှင့် ကမ္ဘာတဝန်းရှိလွတ်လပ်သော မိတ်ဆွေနိုင်ငံများ၏ ဆက်လက်အားပေးထောက်ခံမှုအရေးပါခြင်းတို့ကို ဆွေးနွေးခဲ့ကြောင်း မစ်ချ်မက်ကောနဲလ်က ၎င်း၏တွစ်တာမှ အသိပေး ထုတ်ပြန်သည်။

ဝါရင့်အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ်သည် မြန်မာ့အရေးကို နှစ်ပေါင်း ၃၀ ကျော် စိတ်ဝင်တစားအားပေးထောက်ခံသူဖြစ်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ပုဂ္ဂိုလ်ရေးရင်းနှီးသူဖြစ်သည်။

မြန်မာ့​နွေဦး​တော်လှန်​ရေးအတွက် စစ်​ဘေး​ရှောင်ပြည်သူများ၊CDM လှုပ်ရှားသူများ၊ ဒီမိုက​ရေစီ ပြန်လည်ရရှိ​ရေး ကြိုပမ်းလှုပ်ရှားမှု စသည်တို့အတွက် အ​မေရီကန်​ဒေါ်လာ သန်း၁၀၀ ​ကျော်အကူအညီ​ပေးနိုင်ရန် NDAA ဥပ​ဒေတွင်ဦး​ဆောင်ထည့်သွင်း​ပေးခဲ့သူလည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဝါရှင်တန်သို့ရောက်ရှိနေသော အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် အမေရိကန်အစိုးရထိပ်တန်းတာဝန်ရှိသူများ၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံကာ မြန်မာ့အရေးကို ဆွေးနွေးခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီကမူ အမေရိကန်အစိုးရတာဝန်ရှိသူများက NUG ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခြင်းအပေါ် အပြင်းအထန် ကန့်ကွက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။