Connect with us

Hi, what are you looking for?

News

ဖာပွန်မှာ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ရွာသားတစ်ဦးသေဆုံး

မေလ ၁၆ ရက်က ဖာပွန်ခရိုင် ပိုဘော်ခိုကျေးရွာထဲကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ပစ်ချခဲ့ပြီး အဆိုပါကျည်ဆံပေါက်ကွဲမှုကြောင့် ကျေးရွာအတွင်းက အသက် (၃၈)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုနဲ့ ဒရုန်းအသုံးပြုပြီး တိုက်ခိုက်မှုတွေကြောင့် အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ပြီး ကလေးတစ်ဦး ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ တပ်မဟာ ၅ ကထုတ်ပြန်ထားပါတယ်။

မေလ ၁၆ ရက်က ဖာပွန်ခရိုင် ပိုဘော်ခိုကျေးရွာထဲကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ပစ်ချခဲ့ပြီး အဆိုပါကျည်ဆံပေါက်ကွဲမှုကြောင့် ကျေးရွာအတွင်းက အသက် (၃၈)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

ဒါ့အပြင် မေလ ၁၈ ရက်နေ့ကလည်း ဖာပွန်-ကမမောင်းကြားက နတ်ကွန်းနန်းကျေးရွာမှာ စခန်းချနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အနီးအနားရှိ ကရင်ကျေးရွာထဲကို လက်နက်ကြီး ၁၀ ချက်ခန့်ပစ်ချခဲ့ရာ ရွာသားတွေရဲ့ လယ်ယာဥယျာဉ်ခြံမြေထဲကို ကျရောက်ပေါက်ကွဲသွားခဲ့တာပါ။

အဲ့ဒီလက်နက်ကြီးတစ်လုံးဟာ ပိုဘော်ခိုကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၁၂)နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ တပ်မဟာ ၅ က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ-မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်(BGF) တွေဟာ ပြည်သူလူထုနေထိုင်တဲ့ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ချလျက်ရှိတယ်လို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။