Connect with us

Hi, what are you looking for?

News

မလေးရှားသို့ တရားမဝင်သွားရောက်မည့် မြန်မာလုပ်သား ၂၀ ထိုင်းနယ်စပ်တွင် ဖမ်းဆီးခံရ

ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား ၂၀ဦးကို ဆာဒါအိုဆေးရုံတွင် COVID-19 စစ်ဆေးစောင့် ကြည့်ရန် ပို့ဆောင်ထားပြီး နေရပ်ပြန်ပို့ရေး ဥပဒေကြောင်းဆိုင်ရာ လုပ်ငန်းစဉ်စတင်ရန် ဆာဒါအို ရဲစခန်းသို့ လွှဲပြောင်းမည်ဖြစ်သည်။

မလေးရှားသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် တရားမဝင် မြန်မာအလုပ်သမား ၂၀ဦးသည် ထိုင်း-မလေးရှားနယ်စပ်အနီးတွင် မေလ ၂၀ ရက် နံနက်အစောပိုင်းက ဖမ်းဆီးခံရကြောင်း Bangkok Post သတင်းဌာနက ယမန်နေ့တွင် ဖော်ပြသည်။

မြန်မာနိုင်ငံသား အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၂ ဦးတို့ပါဝင်ပြီး ၎င်းတို့အားလုံးတွင် ခရီးသွားလာခွင့်အထောက်အထားများစာရွက်စာတန်း မရှိဘဲ ထိုင်းနယ်စပ် ကျေးရွာတစ်ရွာအနီးတွင် ထိုင်းကင်းလှည့် စစ်သားများ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။

အထက်ပါမြန်မာနိုင်ငံသားများသည် မြို့နယ်အများအပြားမှဖြစ်ပြီး မလေးရှားသို့သွားရောက် အလုပ်လုပ် ကိုင်ရန် မျှော်လင့်ထားကြောင်းနှင့် ယခုခရီးစဉ်ကို စီစဉ်ပေးသော အလုပ်ပွဲစားကို တစ်ဦးလျှင် ဘတ် ၃၇,၀၀၀ (မြန်မာကျပ် ၂၃ သိန်းခန့်) ပေးခဲ့ရကြောင်း ယင်းရွှေ့ပြောင်း အလုပ်သမားများက ထွက်ဆိုသည်။

၎င်းတို့သည် ပြီးခဲ့သည့် မေလ ၁၂ ရက်တွင် မဲဟောင်ဆောင်နှင့် ရနောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် နယ်စပ်တောလမ်းခရီးစဉ်ကို အသုံးပြုခဲ့ရပြီး မေလ ၁၈ ရက်တွင် အနက်ရောင် ဗန်ကားဖြင့် မလေးရှားသို့ ဆက်လက်ပို့ဆောင်ရန် စီစဉ်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား ၂၀ဦးကို ဆာဒါအိုဆေးရုံတွင် COVID-19 စစ်ဆေးစောင့် ကြည့်ရန် ပို့ဆောင်ထားပြီး နေရပ်ပြန်ပို့ရေး ဥပဒေကြောင်းဆိုင်ရာ လုပ်ငန်းစဉ်စတင်ရန် ဆာဒါအို ရဲစခန်းသို့ လွှဲပြောင်းမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

Facebook