Connect with us

Hi, what are you looking for?

News

ကျိုက်ထိုတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကားတစ်စီး လမ်းဘေးထိုးကျ

“သူတို့ဘက်က ပစ်ကူတွေတောက်လျှောက်ထွက်လာတော့ ကျွန်တော်တို့ပြန်ဆုတ်ခဲ့တယ်။ လက်နက်ကြီးရော လက်နက်ငယ်တွေနဲ့ပါ နာရီဝက်လောက်ကြာတယ်။ သူတို့ဘက်က တစ်ဖက်သတ်ပြန်ပစ်တာ”ဟု စစ်ဆင်ရေးတွင်ပါဝင်သူက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ(၁) သထုံခရိုင်သို့ အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီယာဥ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းအဖွဲ့ တိုက်ခိုက်ရာ စစ်ကားတစ်စီး လမ်းဘေးထိုးကျ၍ ထိခိုက်မှုများနိုင်ကြောင်း စစ်ဆင်ရေးတွင်ပါဝင်သူများက People’s Springသို့ အတည်ပြုသည်။

ယနေ့(မေ ၂၁ ရက်)နေ့လယ် ၁၂နာရီခွဲခန့်က ကျိုက်ထို မြို့၊ အင်္ဂဘိုကျေးရွာအနီး၌ စစ်တောင်းတံတားဘက်မှ ကျိုက်ထိုဘက်သို့ မောင်းနှင်လာသော စစ်ယာဉ်တန်းကိုအင်္ဂဘိုကျေးရွာအနီး၌ ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

“မနက်ကတည်းက စစ်ကောင်စီကား ၃၅ စီး ရန်ကုန်ကနေ မော်လမြိုင်ဘက်ဦးတည်ပြီး ထွက်လာတယ်ဆိုတာ သိရတယ်။ဒါကြောင့် ကြိုစောင့်တိုက်တာ။ရှစ်စီးတွဲ ယာဥ်တန်းမှာ တစ်စီးက ပျက်နေသလိုဖြစ်တော့ သူနဲ့အတူ တစ်စီးက အတူတူတွဲမောင်းလာတယ်။ အဲဒီနှစ်စီးကို RPG အပါအဝင် လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်”ဟု ကျိုက်ထိုမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

Public Service Announcement

၁၀ မိနစ်ကျော်ကြာ တိုက်ခိုက်မှုတွင် စစ်ကောင်စီယာဥ်တစ်စီးလမ်းဘေးထိုးကျခဲ့ကာ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးပေ။

Public Service Announcement

Public Service Announcement

“သူတို့ဘက်က ပစ်ကူတွေတောက်လျှောက်ထွက်လာတော့ ကျွန်တော်တို့ပြန်ဆုတ်ခဲ့တယ်။ လက်နက်ကြီးရော လက်နက်ငယ်တွေနဲ့ပါ နာရီဝက်လောက်ကြာတယ်။ သူတို့ဘက်က တစ်ဖက်သတ်ပြန်ပစ်တာ”ဟု စစ်ဆင်ရေးတွင်ပါဝင်သူက ပြောသည်။

သို့သော် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမရှိ အောင်မြင်စွာ ပြန်ဆုတ်နိုင်ခဲ့ကြောင်းလည်း အသိပေးသည်။

လက်ရှိစစ်ရေးအခြေအနေအရ KNU ထိန်းချုပ်နယ်မြေ များသို့ စစ်ကောင်စီက သာလွန်အင်အားဖြင့် ထိုးစစ်ဆင်ရန် အင်းအားဖြည့်တင်းနေပြီး ပြည်သူလူထုအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သည့် မည်သည့် နေရာကိုမဆို ရှောင်ရှားသွားလာပေးရန်လည်း အထက်ပါတာဝန်ရှိသူများက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook