Connect with us

Hi, what are you looking for?

News

ဝှါရီဆူးပလိုင်​ရွာမှ စစ်ဘေးရှောင်ပြည်သူများ ရိက္ခာပြန်ယူနိုင်ရန် လုံခြုံရေးယူပေးသည့် မိုးဗြဲ PDFနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

ရွာခံပြည်သူများသည် စစ်ဘေးရှောင်နေရသည့်ကာလ ကြာလာသည်နှင့်အမျှ အစားအသောက်များခက်ခဲလာသောကြောင့် ၎င်းတို့၏ နေအိမ်များသို့ စားနပ်ရိက္ခာများပြန်ယူလိုကြောင်း အကူ အညီတောင်းခံလာသည့်အတွက် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်မှ ပြည်သူများ၏ လုံခြုံရေးအဖြစ် လိုက်ပါဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

မိုးဗြဲမြို့အနီးရှိ ၊ဝှါရီဆူးပလိုင်​ကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာပြန်ယူနိုင်ရန် လုံခြုံရေးယူပေးစဥ် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်- MBPDF က ထုတ်ပြန်သည်။

ရွာခံပြည်သူများသည် စစ်ဘေးရှောင်နေရသည့်ကာလ ကြာလာသည်နှင့်အမျှ အစားအသောက်များခက်ခဲလာသောကြောင့် ၎င်းတို့၏ နေအိမ်များသို့ စားနပ်ရိက္ခာများပြန်ယူလိုကြောင်း အကူ အညီတောင်းခံလာသည့်အတွက် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်မှ ပြည်သူများ၏ လုံခြုံရေးအဖြစ် လိုက်ပါဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ထိုသို့လုံခြုံရေးယူပေးနေစဥ် ယမန်နေ့(မေ ၂၂ ရက်) ညနေ ၄ နာရီခန့်တွင် ဝှါရီဆူးပလိုင်ရွာအ တွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များနှင့် မိနစ် ၃၀ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အသိပေးသည်။

တိုက်ပွဲဖြစ်ပွားနေစဥ် စစ်ကောင်စီတပ်ဘက်မှ ထိခိုက် ကျဆုံးမှုများရှိနိုင်ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးပေ။

Public Service Announcement

Public Service Announcement

MBPDF တပ်ဘက်မှ ရဲ​ဘော်တစ်ဦး အသေးစား(မစိုးရိမ်ရ)ဒဏ်ရာသာရရှိခဲ့ပြီးပြန်လည် ဆုတ်ခွာလာနိုင်ခဲ့သည့်အပြင် ပြည်သူများသည်လည်း လိုအပ်သည့်ရိက္ခာများကို အချိန်မီယူဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“ဝှါရီဆူးပလိုင်က စစ်တပ်တပ်စွဲထားတော့ ဒေသခံတွေ မနေရဲလို့ ရွာလုံးကျွတ်စစ်ဘေးရှောင်နေရတာ။အခုက စစ်ဘေးရှောင်ပြည်သူတွေဆီမှာ စားနပ်ရိက္ခာလည်း ရှားပါးလာတော့ အသက်စွန့်ပြီး ရွာထဲရသမျှ သွားယူနေရတဲ့ မခြေအနေဖြစ်နေတယ်။ပြီးတော့ ရာသီတုပ်ကွေး ကလည်း စနေပြီ”ဟု Mobye Rescue Team တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

လက်ရှိ ရှမ်းနှင့် ကယား(ကရင်နီ)ပြည်နယ် ဒေသအစပ် ဖယ်ခုံ၊မိုးဗြဲ တို့တွင် တိုက်ပွဲများ ဖြစ် ပွားနေပြီး စစ်ဘေးရှောင်ပြည်သူများ၏ အရေးပေါ်စားနပ်ရိက္ခာနှင့် ဆေးဝါးမှာ လိုအပ်ချက် မြင့်မားနေသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့များ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။