Connect with us

Hi, what are you looking for?

LuduNwayOo

News

ဝှါရီဆူးပလိုင်​ရွာမှ စစ်ဘေးရှောင်ပြည်သူများ ရိက္ခာပြန်ယူနိုင်ရန် လုံခြုံရေးယူပေးသည့် မိုးဗြဲ PDFနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

ရွာခံပြည်သူများသည် စစ်ဘေးရှောင်နေရသည့်ကာလ ကြာလာသည်နှင့်အမျှ အစားအသောက်များခက်ခဲလာသောကြောင့် ၎င်းတို့၏ နေအိမ်များသို့ စားနပ်ရိက္ခာများပြန်ယူလိုကြောင်း အကူ အညီတောင်းခံလာသည့်အတွက် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်မှ ပြည်သူများ၏ လုံခြုံရေးအဖြစ် လိုက်ပါဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

မိုးဗြဲမြို့အနီးရှိ ၊ဝှါရီဆူးပလိုင်​ကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာပြန်ယူနိုင်ရန် လုံခြုံရေးယူပေးစဥ် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်- MBPDF က ထုတ်ပြန်သည်။

ရွာခံပြည်သူများသည် စစ်ဘေးရှောင်နေရသည့်ကာလ ကြာလာသည်နှင့်အမျှ အစားအသောက်များခက်ခဲလာသောကြောင့် ၎င်းတို့၏ နေအိမ်များသို့ စားနပ်ရိက္ခာများပြန်ယူလိုကြောင်း အကူ အညီတောင်းခံလာသည့်အတွက် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်မှ ပြည်သူများ၏ လုံခြုံရေးအဖြစ် လိုက်ပါဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ထိုသို့လုံခြုံရေးယူပေးနေစဥ် ယမန်နေ့(မေ ၂၂ ရက်) ညနေ ၄ နာရီခန့်တွင် ဝှါရီဆူးပလိုင်ရွာအ တွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များနှင့် မိနစ် ၃၀ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အသိပေးသည်။

တိုက်ပွဲဖြစ်ပွားနေစဥ် စစ်ကောင်စီတပ်ဘက်မှ ထိခိုက် ကျဆုံးမှုများရှိနိုင်ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးပေ။

Public Service Announcement

Public Service Announcement

MBPDF တပ်ဘက်မှ ရဲ​ဘော်တစ်ဦး အသေးစား(မစိုးရိမ်ရ)ဒဏ်ရာသာရရှိခဲ့ပြီးပြန်လည် ဆုတ်ခွာလာနိုင်ခဲ့သည့်အပြင် ပြည်သူများသည်လည်း လိုအပ်သည့်ရိက္ခာများကို အချိန်မီယူဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“ဝှါရီဆူးပလိုင်က စစ်တပ်တပ်စွဲထားတော့ ဒေသခံတွေ မနေရဲလို့ ရွာလုံးကျွတ်စစ်ဘေးရှောင်နေရတာ။အခုက စစ်ဘေးရှောင်ပြည်သူတွေဆီမှာ စားနပ်ရိက္ခာလည်း ရှားပါးလာတော့ အသက်စွန့်ပြီး ရွာထဲရသမျှ သွားယူနေရတဲ့ မခြေအနေဖြစ်နေတယ်။ပြီးတော့ ရာသီတုပ်ကွေး ကလည်း စနေပြီ”ဟု Mobye Rescue Team တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

လက်ရှိ ရှမ်းနှင့် ကယား(ကရင်နီ)ပြည်နယ် ဒေသအစပ် ဖယ်ခုံ၊မိုးဗြဲ တို့တွင် တိုက်ပွဲများ ဖြစ် ပွားနေပြီး စစ်ဘေးရှောင်ပြည်သူများ၏ အရေးပေါ်စားနပ်ရိက္ခာနှင့် ဆေးဝါးမှာ လိုအပ်ချက် မြင့်မားနေသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့များ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။