Connect with us

Hi, what are you looking for?

News

မုန်းခရိုင်အတွင်း မူးယစ်ဆေးနဲ့ လောင်းကစားမလုပ်ဖို့ KNU ထုတ်ပြန်

ပြည်သူလူထုတွေအနေနဲ့ မြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေကို လုံး၀မပြုလုပ်ဖို့၊ အများပြည်သူလက်ရှိရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် ကေအဲန်ယူ-မုန်းမြို့နယ် ကျန်းမာရေးနဲ့ ကယ်ဆယ်ရေးဌာနရဲ့ လမ်းညွှန်မှုအတိုင်း လိုက်နာဆောင်ရွက်ဖို့ အသိပေးထားသေးတာပါ။

People's Spring
People's Spring

ကေအဲန်ယူ-ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေ မုန်းမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူလူထုတွေအနေနဲ့ မူးယစ်ဆေးဝါးနဲ့လောင်းကစားမှုတွေကို လုံး၀မပြုလုပ်ဖို့ အချက်တွေအပါအဝင် အချက်(၆)ချက်ပါတဲ့ ညွှန်ကြားချက်တစ်ရပ်ကို ပြည်သူတွေလိုက်နာဆောင်ရွက်ဖို့ ကေအဲန်ယူ-မုန်းမြို့နယ်က မေလ ၂၁ ရက် ရက်စွဲနဲ့ထုတ်ပြန်အသိပေးခဲ့ပါတယ်။

ကေအဲန်ယူ-မုန်းမြို့နယ်ဟာ ကေအဲန်ယူဗဟို ခရိုင်က ချမှတ်ထားတဲ့ မူဝါဒစည်းမျဉ်းစည်းကမ်းတွေအပေါ် ရပ်တည်အကောင်အထည်ဖော် ဆောင်ရွက်ရတာနဲ့အညီ မိမိစီမံအုပ်ချုပ်တဲ့နယ်မြေအတွင်းရှိ ပြည်သူလူထုတွေရဲ့ စားဝတ်နေရေး လူမှုရေးနဲ့ လူမှုဘ၀လိုအပ်ချက်တွေကို ပြည်သူနဲ့အတူ လက်တွဲဆောင်ရွက်လျက်ရှိပြီး ပြည်သူတွေရဲ့ လူမှုဘ၀လုံခြုံရေး နယ်မြေလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိတာကြောင့် ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ ထုတ်ပြန်ထားတဲ့ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ဖို့ အသိပေးထားတာပါ။

ပြည်သူလူထုတွေအနေနဲ့ ကေအဲန်ယူ-မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေတွေအတွင်းမှာ ဆောင်ရွက်လိုတဲ့ ဘယ်ကိစ္စကိုမဆို သက်ဆိုင်ရာမြို့နယ်ခွင့်ပြုချက်ကို ရယူပြီး သက်ဆိုင်ရာက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ရမှာဖြစ်ကာ ပညာရေး ကျန်းမာရေး လူမှုရေးကိစ္စနဲ့ စီးပွားရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်လုပ်ကိုင်လိုပါက ကေအဲန်ယူ-မုန်းမြို့နယ်ထံ တရားဝင်တင်ပြတောင်ခံပြီး ခွင့်ပြုချက်ရမှာသာ လုပ်ကိုင်ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြို့နယ်အတွင်းက ဒေသခံပြည်သူလူထုတွေဟာ မိမိတို့ပိုင်ဆိုင်မှုမှန်သမျှကို တရားဝင်အသိအမှတ်ပြုနိုင်ဖို့အတွက် ကေအဲန်ယူ-မုန်းမြို့နယ်ရုံးမှာ တရားဝင်စာရင်းသွင်းမှတ်ပုံတင်ရပြီး မြေယာ၊ သစ်တော၊ ရေလုပ်ငန်းနဲ့ သဘာ၀သယံဇာတွေကို ဆောင်ရွက်လိုပါက ကေအဲန်ယူ-မုန်းမြို့နယ်နဲ့ သက်ဆိုင်ရာဌာနတွေရဲ့ သတ်မှတ်ထားတဲ့လုပ်ထုံလုပ်နည်းနဲ့အညီ လုပ်ကိုဆောင်ရွက်ရမယ်လို့ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး ပြည်သူလူထုတွေအနေနဲ့ မြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေကို လုံး၀မပြုလုပ်ဖို့၊ အများပြည်သူလက်ရှိရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် ကေအဲန်ယူ-မုန်းမြို့နယ် ကျန်းမာရေးနဲ့ ကယ်ဆယ်ရေးဌာနရဲ့ လမ်းညွှန်မှုအတိုင်း လိုက်နာဆောင်ရွက်ဖို့ အသိပေးထားသေးတာပါ။

အဆိုပါညွှန်ကြားချက်တွေကို မြို့နယ်အတွင်းရှိ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ တိကျစွာလိုက်နာရမှာဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်းပါက ကေအဲန်ယူက ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေနဲ့အညီ ထိရောက်စွာအရေးယူသွားမယ်လို့ ကေအဲန်ယူ-မုန်းမြို့နယ်က အသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။