Connect with us

Hi, what are you looking for?

News

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးအလွန်နီးစပ်နေသည့် ကာလ၌ သတိကြီးစွာ ညီညွတ်ကြဖို့ NUG ဝန်ကြီးချုပ် သတိပေး

“တော်လှန် ရေးကာလအတွင်း အသုံးပြုရမယ့် ဥပဒေတွေ၊ မူဝါဒတွေကို NUCC ၊ NUG တို့နဲ့ ပူးပေါင်းပြီး စီမံနေတာတွေ အားလုံးသိရှိပြီးသားဖြစ်မှာပါ။” ဟု ဝန်ကြီးချုပ်က ပြောသည်။

▪️စစ်အာဏာရှင်နှင့် မပေါင်းဘဲ တော်လှန်ရေးကို နိုင်ရာကဏ္ဍမှ ပါတီအဖွဲ့ အသီးသီး၏ ရပ်တည်ချက်များ ကို ရှုမြင်သုံးသပ်ပုံမတူညီသည့်တိုင် အပြန်အလှန်လေးစားရမည်ဟုဆို

အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အလွန်နီးစပ်နေသည့် ကာလ၌ သတိကြီးစွာ ညီညွတ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့ပြောကြားလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရ အဖွဲ့အစည်းအဝေးကို ယနေ့ (မေလ ၂၄ရက်) နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ်က ယခုကဲ့သို့ သတိပေးပြောကြားခဲ့သည်။

“နိုင်ငံရေးအရ အင်မတန် အကဲဆတ်ပြီး အနာဂါတ်ဖက်ဒရယ်ပြည်ထော င်စုတည်ထောင်ရေးအတွက် အလွန်နီးစပ်နေ တဲ့ကာလမှာ ပြည်သူများ အ ကြား၊ ခေါင်းဆောင်များအကြား သတိကြီးစွာ စည်းလုံး ညီညွတ်သွားကြဖို့လိုပါတယ်။ ဒါကြောင့် ပြည်သူ့ဆန္ဒနဲ့ မသွေဖယ်ဘဲ၊ စစ်အာဏာရှင်တို့နဲ့မပူးပေါင်းဘဲ တော်လှန်ရေးကို နိုင်ရာကဏ္ဍဘက်က ပါဝင်ဆောင်ရွက်နေကြတဲ့ ပါတီအသီးသီး၊ အစုအဖွဲ့အသီးသီး တို့ရဲ့ နိုင်ငံရေး၊ တော်လှန်ရေး ရပ်တ ည် ချက်များကို တစ်ခါတရံ ရှုမြင်သုံးသပ်ပုံများ မတူညီကြဘူး ဆိုရင်တောင်အပြန်အလှန် လေးစားကြရမှာဖြစ်ပါတယ်။” ဟုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောသည်။

Public Service Announcement

Public Service Announcement

NUG အနေဖြင့် ဝန်ကြီးဌာနများအလိုက်၊ ကော်မရှင်၊ ကော်မတီများအလိုက် တော်လှန်ရေးအောင် မြင်နိုင်ရေး တွန်းအားပေး လုပ်ဆောင်ရမည့် ကိစ္စ မှန်သမျှ ကြိုးစားစီမံ ဆောင်ရွက်နေကြောင်း၊ ယင်းကဲ့သို့ပင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) အနေဖြင့်လည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးတွဲကော်မတီများ ဖွဲ့စည်းကာ စီမံဆောင်ရွက်နေကြောင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) အနေဖြင့်လည်း နိုင်ငံတကာ အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပြီး တော်လှန်ရေးကို အထောက်အပံ့ဖြစ်စေနိုင်ရေး ကြိုးစားစီမံနေကြောင်း ၎င်းက ဆိုသည်။

“တော်လှန် ရေးကာလအတွင်း အသုံးပြုရမယ့် ဥပဒေတွေ၊ မူဝါဒတွေကို NUCC ၊ NUG တို့နဲ့ ပူးပေါင်းပြီး စီမံနေတာတွေ အားလုံးသိရှိပြီးသားဖြစ်မှာပါ။” ဟု ဝန်ကြီးချုပ်က ပြောသည်။

ပြည်သူတွေအနေဖြင့် တော်လှန်ရေလမ်းစဉ်၌ တော်လှန်ရေးဦးဆောင်အဖွဲ့များနှင့်အတူ အပြည့်အ၀ ရပ်တည်ပံ့ပိုးကူညီနေသည်ကိုလည်း အားလုံးသိပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။