Connect with us

Hi, what are you looking for?

News

ယင်းမာပင်သို့ ထောက်ပို့လာသည့် စစ်ကားနှစ်စီးကို ချိုမိုင်မိုင်အဖွဲ့ တိုက်ခိုက်

ထိတွေ့တိုက်ပွဲတွင် ချိုမိုင်မိုင်အဖွဲ့မှ ရဲဘော်အားလုံး ဘေးကင်းခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးရှိနိုင်ပြီး စာရင်းအတိအကျမသိရသေးကြောင်းဖော်ပြသည်။

နယ်မြေရှင်းလင်းစဥ် ထိတွေ့မှုထပ်ဖြစ်

ကနီနှင့် ယင်းမာပင်နယ်စပ်သို့ စစ်ကူနှင့် ထောက်ပို့လာသော စစ်ကောင်စီတပ်မှ ကားနှစ်စီးကို ချိုမိုင်မိုင် ယင်းမာပင်-ကနီမဟာမိတ်တပ်ပေါင်းစုက စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ယနေ့(မေ ၂၄)တွင် ထုတ်ပြန်သည်။

ယနေ့နံနက် ၆ နာရီခွဲက အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ချင်းတွင်းတံအနောက်ဘက် တော်လှန်ရေးရဲဘော်များနှင့် တိုက်ပွဲဖြစ်ကာ အထိနာနေသော စစ်ကောင်စီတပ်ထံ ထောက်ပို့လာသော စစ်ကားနှစ်စီးကို တရော်ကျင်းနှင့် ဘန့်ဘွေးရွာကြားတွင် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိနိုင်သော်လည်း အသေအပျောက်နှင့် ထိခိုက်စာရင်းအား အတိအကျမသိရသေးဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ယင်းနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဥ် စစ်ကောင်စီတပ်ကင်းပုန်းနှင့်တိုးကာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း အသိပေးသည်။

၎င်းထိတွေ့မှုတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သောကျည်မှာ ရဲဘော်တစ်ဦး၏ သေနတ်ဒင်အားထိမှန်ရာ လူထိခိုက်မှုမရှိဘဲ သေနတ်ဒင်သာပဲ့သွားခဲ့သည်ဟု ထုတ်ပြန်သည်။

ထိတွေ့တိုက်ပွဲတွင် ချိုမိုင်မိုင်အဖွဲ့မှ ရဲဘော်အားလုံး ဘေးကင်းခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးရှိနိုင်ပြီး စာရင်းအတိအကျမသိရသေးကြောင်း ဖော်ပြသည်။

ချိုမိုင်မိုင်အဖွဲ့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ယှဥ်ရာတွင် လက်နက်အင်အားမမျှတသော်လည်း စိတ်ခွန်အားတစ်ခုတည်းဖြင့်သာတော်လှန်နေပြီး လက်နက်ခဲယမ်းဝယ်ယူနိုင်ရေးအတွက် ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်တပ်ထောက်ပို့ယာဥ်က ဝင်တိုက်လို့ မူလတန်း ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင် ၊အမှတ် (၆) တပ်ရင်း တပ်ရင်းမှူး ပုလဲမောင် ပစ်ခတ်ခံရပြီး ကျဆုံးခဲ့တဲ့ အပေါ် မိသားစုဝင်များ၊ ရဲဘော် ရဲဘက်များနဲ့ ထပ်တူ ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ထုတ်ပြန်ခဲ့ပြီး ကျူးလွန်သူ ရဲဘော်ကို ဖမ်းဆီးထားသလို မလိုလားအပ်တဲ့နောက်ဆက်တွဲတွေ မဖြစ်ဖို့ ဆောင်ရွက်နေတယ်လို့...

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် (၈+၁)=၉ (၉) ရွာ (၉)မိုင် ချီတက်လမ်းလျှောက်တဲ့ လှုပ်ရှားမှု ဒီကနေ့ (ဇွန် ၁၈) ပြုလုပ်ခဲ့ပါတယ်။